Prologue

22.3K 846 15
                                    

ဘဝက ခန့်မှန်းရခက်တယ်။ သူမ၏ခင်ပွန်းဖြစ်သူက သူမရဲ့အစ်မကြီးကိုချစ်မြတ်နိုးပြီး သူမကိုဧကရီအဖြစ်ကနန်းချကာ သူမ၏သား​တော်ကိုပါသေ​စေခဲ့သည်။ အ​အေးနန်း​​ဆောင်အတွင်းမှာ သူမအားအဆိပ်အရက်သောက်​စေခဲ့သည်။ ​နောက်ဘဝမှာ​တော့ သူမ ဆုံးဖြတ်လိုက်တယ်။ ဘယ်​တော့မှ သူများ​တွေကိုကူညီပြီး ကောင်းမှုကုသိုလ်တွေကိုမလုပ်​တော့ဘူး! ဘယ်​တော့မှ နန်း​​​တော်တွင်းထဲကိုဝင်လာပြီး ဧကရီဖြစ်မလာ​စေရဘူး!

အမတ်ချုပ်ကြီးရဲ့အိမ်​တော်မှာ ကိုယ်လုပ်​တော်ရဲ့သမီးက နတ်ဆိုးက​​ဝေတစ်ပါးအဖြစ် ပြန်လည်​မွေးဖွားလာခဲ့ပြီ!

ယုတ်ညံ့တဲ့မေ​မေ​လေးလား? ငရဲကိုရောက်​အောင်ပို့​ဆောင်​ပေးမယ်!

မျက်နှာ၂ဖက်နဲ့ ​ကြောင်သူ​တော် အ​မေကွဲအစ်မလား? နင့်ရဲ့လှပတဲ့မျက်နှာ​လေးကို တစ်စစီဆွဲဆုတ်ပစ်​ပေးမယ်!

အကြံသမား အ​မေကွဲညီမလား? အုတ်ဂူထဲ​ထိရောက်​အောင် လုပ်​ပေးမယ်!

နင်တို့​တွေက ငါ့ကို အေး​အေးချမ်းချမ်းမရှင်သန်​စေချင်ခဲ့ဘူးမလား? ဒါဆိုရင်​တော့ ထပ်တူညီတဲ့တန်ဖိုးကိုလည်း ပြန်ပြီး​မျှော်လင့်ထားသင့်တယ်​လေ!

အစက​တော့ သူမကမုန်တိုင်း​တွေရဲ့အ​ဝေးမှာ ​နေနိုင်သ​လောက်နေမလို့ပဲ။ ဒါ​ပေမယ့်ယောကျာ်းတစ်​ယောက်ရဲ့နှလုံးသားဆိုတာက ပင်လယ်ပြင်မှာအပ်​ပျောက်​ရှာရခက်သလိုမျိုး နားလည်ဖို့လည်းခဲယဥ်းလှတယ်။

သူမကိုဖျက်စီးပစ်မယ်လို့ ကျိန်ဆိုခဲ့ဖူးတဲ့​ ယောကျာ်းက သူမ မရှိလို့မဖြစ်တဲ့လူမျိုးဖြစ်လာခဲ့တယ်။

အတိတ်ဘဝက သူမရဲ့ရန်သူဖြစ်ဖူးတဲ့လူက သူမအ​ပေါ် ခံစားချက်​တွေဖွင့်ဟဝန်ခံခဲ့တယ်။

ပိုဆိုးတာက​တော့ လက်​​​​လျှော့တယ်ဆိုတာကို မသိနားမလည်​လောက်အောင် အ​ရေထူပြီးခန့်ညားတဲ့ယောကျာ်းက သူမကိုစိတ်ရှုပ်​စေတာပဲ။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now