107.​တောင့်တထား​သော တွက်ချက်မှုများ

3.3K 425 14
                                    

"အန်းဖိန်၊ ကျေးဇူးပြုပြီး နောက်ချန်ရစ်​နေပါဦး" ဟူ​သော သမား​တော်လု၏အသံကို ဝေ့ရန်၏အနောက်မှကြားလိုက်ရသည်။

လီဝေ့ရန်သည် သူမ၏လမ်းသွားရာကိုရပ်လိုက်ပြီး သမား​တော်လုဆီသို့ လှည့်ကြည့်လိုက်ကာ မျက်နှာချင်းဆိုင်လိုက်သည်။

"အန်းဖိန်၊ သနားကရုဏာအနည်းငယ်ထားပါ......"

သမား​တော်လုသည် လီ​ဝေ့ရန်၏လျစ်လျူရှုမှုကိုမြင်တော့ သူကဆက်ပြောရန် အခွင့်အရေးယူလိုက်သည်။ သူသည် ကျောင်းမိသားစုတွင် လူ​ပေါ်​ကြော့ဖြစ်ပြီး ကျောင်းမျိုးနွယ်များ၏ နိုင်ငံရေးကိစ္စများတွင် တစ်ခါမျှပါဝင်ပတ်သတ်ခြင်းမရှိပေ။ ဒါပေမယ့် လီချန်းလဲ့ကတော့ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ဝမ်းကွဲပဲမလား။ သူတို့​တွေက ငယ်ငယ်တုန်းက သိပ်မရင်းနှီးခဲ့ကြပေမယ့် လီချန်းလဲ့ရဲ့လှပတဲ့အသွင်အပြင်ကိုမြင်မိတိုင်း သူ့နှလုံးသားက အထိန်းအကွပ်မရှိရင်ခုန်မြန်လာတယ်ဆိုတဲ့အချက်ကို သူ မငြင်းနိုင်ပါဘူး။ ဒီလိုမျက်နှာမျိုးလေးကို ဘယ်ယောက်ျားလေးတစ်ယောက်မှ ငြင်းပယ်လို့မရနိုင်ပေမယ့် အခုအချိန်မှာတော့ ဒီမျက်နှာက သူ့မျက်စိရှေ့မှာတင် အမှန်တကယ်ကြီးပျက်စီးသွားခဲ့ရပြီ။ ဘေးကလူတစ်ယောက်အနေနဲ့တောင် သူက ဒါကို ခံနိုင်ရည်မရှိတာ၊ လီချန်းလဲ့က ဘယ်လိုလုပ်သည်းခံနိုင်ပါ့မလဲ? လီချန်းလဲ့က ချက်ချင်းပင် ရူးသွပ်သွားခြင်းမရှိသည်မှာ အံ့သြစရာပင်။ လီဝေ့ရန်၏ အမူအရာသည် လီချန်းလဲ့ကိုရူးသွပ်သွားစေအောင် လှုံ့ဆော်ပေးနိုင်သည်။

"သမား​​တော်လုက မမကြီးအတွက် အရမ်းစိတ်ပူနေပုံပဲ......"

လီ​ဝေ့ရန်၏အသံသည် အနည်းငယ် နိမ့်သွားပြီး သူမ၏မျက်ခုံးမွှေးများကိုကြုတ်ကာ အေးစက်မှုက မျက်ဝန်းများတွင်​ပေါ်ထွက်လာပြီး

"ရှင်နဲ့ တို့ရဲ့မမကြီးက ဟိုးအရင်ကတည်းက အသိမိတ်ဆွေတွေများလား?"

လီဝေ့ရန်သည် အလွန်သံသယများသူဖြစ်သည်။ ကျောင်းပဉ္စမသခင်​လေးသည် ထိတ်လန့်မှုကိုမခံစားဘဲမ​နေနိုင်စွာဖြင့် သူ့နောက်​ကျောက ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ ကျောင်းမျိုးနွယ်များသည် သူတို့၏ဆွေမျိုးသားချင်းများဘက်ကိုသာ အမြဲတစ်ဖက်သတ်ရပ်တည်သောကြောင့် သူတို့ အကာအကွယ်ပေးထားသည့် ဒီနူးညံ့သောပန်းပွင့်လေးကို ဖျက်ဆီးခဲ့သည့် အရေးမပါသောပုရွက်ဆိတ်ကို သည်းခံဖို့ရန်က ခက်ခဲမည်ဖြစ်သည်။ လီချန်းလဲ့၏ အသွင်အပြင်ပျက်စီးသွားသည်ကိုသာ သူ့အဘွားကြားလျှင် သူမ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သူ တွေးနေမိသည်။ ကျောင်းပဉ္စမသခင်​လေးသည် စိတ်မချမ်းသာမှုကို မခံစားမိဘဲမ​နေနိုင်မိ​ပေ။ ကျောင်းစတုတ္တအစ်ကိုက သူ့ကိုလုပ်ခိုင်းတာကို ပြန်သတိရမိတော့ သူ့ဦးရေပြားမှာ ကြက်သီးတွေထ​နေသလို ခံစားရတယ်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now