100.2.မ​ကြောက်မရွံ့အရှုံးမ​ပေး

3.4K 471 19
                                    

ထိုနှစ်တွင် ယင်းထိုက်ကျိုးကနန်းတော်ထဲသို့ ဝင်သောအခါ ​ထော့ပါကျန်းသည် မိန်းမပျိုတစ်သိုက်ကို ကြီးမား​သောကန်တစ်ခုဆီသို့ ​​ခေါ်ဆောင်လာခဲ့သည်။ နှလုံးသွေးနီဆေးပြားများထုတ်လုပ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် နန်းတွင်းသူများစုသည် သူမတို့၏ရာသီစက်ဝန်းကို စောစီးစွာရောက်စေရန် တွန်းအားပေးခံခဲ့ကြရသည်။ ​ထော့ပါကျန်းသည် အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်သော်ငြားလည်း သူသည် ဧကရာဇ်မင်းမြတ်၏ ကျင့်ဝတ်အသိတတ်ဆုံးသောသားတော်အဖြစ် ဧကရာဇ်မင်းအား အထင်ကြီးဖြစ်​ပေါ်စေသည်။ ထို့ကြောင့် သူ၏ချစ်ခြင်းမေတ္တာသည် နောက်ဆုံးတွင် အိမ်ရှေ့မင်းသား၊ ​ထော့ပါယုနှင့် ကျန်မင်းသားများထက်ကိုပင် ​ကျော်လွန်သိမ်းပိုက်လိုက်နိုင်သည်။ ထော့ပါကျန်း နန်းတက်သည့်အချိန်တွင် ပြုလုပ်သည့်ပထမဆုံးအရာမှာ တရားရုံး​ရေးရာတွင် ယဇ်ပုရောဟိတ်များအားလုံးကိုသတ်ပစ်ကာ သူတို့၏အမိန့်ကို အာဏာစက်ကိုဖြတ်တောက်ပစ်ရန်နှင့် သက်သေအားလုံးကို​ဖျောက်ပစ်ရန်ဖြစ်ကြောင်းကို​တော့ ဧကရာဇ်ကမသိနိုင်ခဲ့ပေ။ ​ထော့ပါကျန်း၏စိတ်အနက်ထဲတွင်၊ သူသည်လည်း​ ထော့ပါယုကဲ့သို့ပင် ပု​ရောဟိတ်များကို ရွံရှာသော်လည်း သူ့အာဏာအတွက် သူတို့ကို အသုံးချရန် စနိုးစ​နှောင့်ဖြစ်ခြင်းမရှိပေ။

"အရှင့်သား၊ မင်းသားအပေါ်ထားတဲ့ အရှင်မင်းကြီးရဲ့ ချစ်ခြင်းနဲ့ ယုံကြည်မှုကို တကယ်ဆုံးရှုံးချင်နေတာလား?"

"ယင်းထိုက်ကျိုးလို လူတစ်ယောက်က ဖခမည်း​တော်နဲ့ ကိုယ့်ကိုဝေးကွာ​စေနိုင်ပါ့မလား?" 

လီ​ဝေ့ရန်သည် ဘာကြောင့် ထိုသို့ပြောသလဲဆိုတာကို ​ထော့ပါယုကနားမလည်သဖြင့် လရောင်တောက်ပနေသော သူ၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့်အမူအရာတစ်ခုက ပေါ်လာသည်။

လီ​ဝေ့ရန်က သက်ပြင်းချလိုက်သော်လည်း သူမကမေးခွန်းကို မဖြေ​ပေ။ 

"အရှင်မင်းကြီးမှာ နောက်ကျမှ အိပ်ရာဝင်လို့ရတဲ့ ပြဿနာရှိ​နေတယ်ဆိုတာ တို့ကြားမိတယ်။ ဒါကြောင့် သူ့ကို ညဘက်စောင့်အိပ်​စောင့်​ရှောက်​စေဖို့ မတူညီတဲ့မင်းသားတွေကို​ထော် မတ်တပ်ရပ်​စောင့်ခိုင်းပြီး တစ်ခါတလေ ညလယ်စာ လိုက်ပို့ပေးတယ်ဆိုတာ အမှန်ပဲလား?"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now