44.ကစားပွဲကို​ ပြောင်းပြန်လှန်ပစ်

3.7K 547 14
                                    

လီမင်ဖန်သည် သူ၏အကြံကိုအစီအစဥ်ချပြီးသားပင်ဖြစ်သည်။ ​သေချာ​ပေါက် ဇီယန်သည် လီ​ဝေ့ရန်၏အ​​ဆောင်တွင်း၌ သူပြင်ဆင်​​ပေးခဲ့သော ရွှေနှင့်ဂျင်ဆင်းနီ အကြွင်းအကျန်များကို ​နေရာချထားမည်ကို သူသိ​ပြီးသားပင်။ သူတို့ကသာ ရှာ​တွေ့လိုက်မယ်ဆိုရင် ဝေ့ရန်ကဘာ​ပြောပြော အသုံး၀င်မှာမဟုတ်​​တော့ဘူး။

သူမကို ဒီလိုနည်းလမ်းနဲ့ဆက်ဆံတာက ရက်စက်တယ်ဆိုပေမယ့် ဘယ်သူက သူမကို သခင်မကြီးရဲ့နှလုံးသားမှာ ​အ​ရေးပါတဲ့​နေရာကိုတွယ်တက်ဖို့​ပြောလဲ။ ဘယ်သူက သူမကိုအရမ်းနာခံလိမ်မာပြရမယ်လို့​ ပြောထားလို့လဲ။ လီမင်ဖန်၏ နှလုံးသားထဲတွင် သူ့၏မွေးမိခင်နှင့် သူ၏ တရားဝင်ညီမဖြစ်​သော လီချန်းလဲ့ကိုသာ လူအဖြစ်သတ်မှတ်ပြီး သူ၏အခြား​​သွေးတစ်ဝက်​ရော​သော ​မောင်နှမများသည် ပုရွက်ဆိတ်သာသာပင်ဖြစ်သည်။ ဒီပုရွက်ဆိတ်က သူတို့၏အာဏာကို ခြိမ်းခြောက်ဝံ့​နေမှ​တော့ ​သေချာ​ပေါက် တန်ဖိုးပြန်​ပေးဆပ်ရမည်ပင်။ လီ​ဝေ့ရန်၊ မင်းမသေခဲ့ရင်တောင်မှ လီမိသားစုဆီကမင်းနှင်ထုတ်ခံရလိမ့်မယ်။

လီ​ရှောင်ရန်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဝေ့ရန်သည် ကိုယ်လုပ်​တော်၏သမီးဖြစ်ရုံသာမက သူမကအလွန်ကံဆိုးလွန်းသည်။ သူမသာ ​သခင်မကြီးရဲ့ပစ္စည်းတွေကို တကယ်သာခိုးခဲ့ရင်သူတို့ကဒါကို ကိုယ်တိုင်ကိုယ်ကျ ​ဖြေရှင်းရ​တော့မယ်။ သူက ​တွေး​နေရင်းနဲ့ လက်ဖက်ရည်သောက်ဖို့ ခေါင်းကိုငုံ့လိုက်ပြီး လီမင်ဖန်ကို​ ဆက်​ပြောဖို့ခွင့်ပြုလိုက်သည်။

ထိုအချိန်တွင် တတိယသခင်မတစ်ဦးတည်းသာ နွေးထွေးစွာပြောကြားသည်မှာ

"​ဝေ့ရန်က အပြစ်ကင်းတယ်လို့ ကျွန်မယုံကြည်တယ်။ သူမ​လေးက ဒီလိုလူမျိုးမဟုတ်ပါဘူး"

လီ​ဝေ့ရန်က တည်ငြိမ်​နေ​သောတတိယသခင်မဘက်သို့​ ခေါင်းလှည့်လာပြီးပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ် တတိယ​ဒေါ်​ဒေါ်ရယ်။ ပြောရတာ ရှက်ဖွယ်ဖြစ်​ပေမယ့် ​ဒေါ်​ဒေါ် တစ်​​ယောက်တည်းကသာ သမီးကိုယုံကြည်​ပေးတယ်။ ​ဖေဖေနဲ့​မေမေ၊ ၂ယောက်လုံးက သမီးမှားတယ်လို့​ထင်​နေကြတယ်" 

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now