131.1.အဆင့်ဆင့်တိုးလာ

2.1K 295 7
                                    

ဒုတိယသခင်မ၏မိုက်မဲမှုသည်ကား ကျောင်းယွိလန်အ​ပေါ် သူမ၏နာကြည်းမှုကို ဖုံးကွယ်ထားရန် မစွမ်းဆောင်နိုင်ခြင်းဖြစ်သည်။ နားလည်ရ​တော့ လွယ်ကူတယ်ဆို​ပေမယ့်လည်း​ပေါ့လေ။ သူမသည် ယခုအသက်၄၀နီးပါးရှိပြီဖြစ်သော်လည်း၊ အသက် ၁၈၊ ၁၉နှစ်အရွယ် မိန်းကလေးကို ယောင်းမကြီးဟုခေါ်နေရရတာက သူမကို အ​တောမသတ်နိုင်အောင် စိတ်ပျက်စေရသည်။ ကျောင်းယွိလန်သည် အရည်အချင်းများစွာမရှိလျှင် ခြားနားသောဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေလိမ့်မည်ဆို​ပေမယ့် သူမသည် လီ​ရှောင်ရန်ဆီက စစ်မှန်စွာမျက်နှာသာရနိုင်ခဲ့ပြီး ဇီဇာ​ကြောင်သော ယောက္ခမဖြစ်သူဆီကပင် သူမကို အသိအမှတ်ပြုစေခဲ့သည်။ ဒီ​တော့ ဒုတိယသခင်မက သူမကိုယ်သူမနဲ့ ယှဉ်ကြည့်ပြီး ပိုလို့တောင် မျက်စိစပါး​​မွှေးစူးနေတယ်။

သခင်မကြီးသည် သူမအား ဒေါသတကြီး ကြိမ်းမောင်းဟန်ဖြင့် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ အားဖြင့်ချလိုက်သော်လည်း အဆုံးတွင် လက်​လျှော့လိုက်သည်။ ဒီအချိန်မှာ မိုက်မဲတဲ့မိန်းမနဲ့ ငြင်းခုန်ရင် သူမပဲ မျက်နှာပျက်ရလိမ့်မယ်။

ကျောင်းယွိလန်က ပြုံးပြုံးရွှင်ရွှင်ဖြင့်

"ယောင်းမ​ပြောတာမမှားပါဘူး။ ကျွန်မက ငယ်ရွယ်သေးတော့ ဒီကလေးက သမီးလေးဖြစ်ရင်တောင် နောင်မှာ သားတစ်ယောက် ရှိလာမှာမို့ ယောင်းမ​လေးလည်း ဒါကို စိတ်ပူမနေပါနဲ့။ ကျွန်မက ယောင်းမ​ကို မနာလိုမိဘူးလို့တောင်ပြောရဦးမယ်။ သားနဲ့သမီးရှိတာက တကယ်ကို ကောင်းချီးတစ်ခုပဲမလား။ အခုတ​လော ဒုတိယမတ်​လေးမှာ ကိုယ်လုပ်​တော်ဖွားတဲ့ သား၃ယောက်လည်းရှိနေပြီလို့ ကျွန်မကြားမိတယ်။ သူတို့နဲ့ ဘယ်အချိန်တွေ့ခွင့်ရမလဲဆိုတာ ကျွန်မ မသိဘူးဆို​ပေမယ့် သူတို့​လေး​တွေ အိမ်တော်ဝင်းထဲဝင်လာရင်တော့ ယောင်းမ​အလုပ်တွေရှုပ်လာမှာ သေချာတယ်နော်”

လွန်ခဲ့သော လဝက်ခွဲခန့်ကမှ ဒုတိယသခင်မသည် သူမ၏ခင်ပွန်းသည်ဖြစ်သူက လွန်ခဲ့သည့်၂နှစ်ခန့်က အပြင်တွင် သားသုံးယောက်ရှိခဲ့ကြောင်း သိခဲ့ရသော်လည်း သူက သူမကို အိမ်​တော်တံခါးဝ​ရှေ့​တွင် ပွဲလာကြမ်းမည်စိုးရိမ်၍ ဆက်လက်ဖုံးကွယ်ထားခဲ့သည်။ သားသမီးများကြီးပြင်းလာကြောင်းကို ယခုအချိန်မှသာ ပြောပြခဲ့ပြီး သခင်မကြီးအား လီမိသားစုမျိုးရိုးစဉ်ဆက်စာအုပ်တွင် ဤကလေးသုံးဦး၏အမည်များကို ရေးသားပေးရန် တောင်းဆိုခဲ့သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now