128.1.အမဲဖျက်ခံရမယ့် သိုးငယ်

2.4K 349 7
                                    

တကယ်တော့ လီဝေ့ရန်မေးတဲ့ မေးခွန်းတိုင်းက ထောင်ချောက်တစ်ခုပဲ။ သူသာ တစ်ခုဖြေလိုက်ရင် လီဝေ့ရန်က သူ့အ​ဖြေကိုအသုံးချပြီး ကျန်မေးခွန်း၂ခုကို ဖြေရှင်းနိုင်လိမ့်မည်။ ပထမဦးစွာ လီ​ဝေ့ရန်သည် ကျောင်းမိသားစုက ဒီလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည်ဟု ယုံကြည်နေသည်။ ဒုတိယအနေနှင့်၊ ဤသည်မှာ ထော့ပါယွိနှင့်ထော့ပါယုတို့ကိုချောက်ချဆန့်ကျင်သည့်အစီအမံဖြစ်ကြောင်း သူမ သိထားပြီးဖြစ်သည်။ ပထမမေးခွန်းကိုသာ သူဖြေလျှင် ကျောင်းမိသားစုနှင့် ထော့ပါကျန်းတို့အကြားကကတိကဝတ်ကို ထုတ်ဖော်ပြသခြင်းနှင့် ကွာခြားမည်မဟုတ်တော့ပေ။ လီ​ဝေ့ရန်သည် အလို​လျောက် အဖြေတစ်ခုရရှိနေပြီးဖြစ်သည်။ သူမသည် သူ့ကို အတည်ပြုရန်သာ အလိုရှိနေတာပဲ။

ဒုတိယမေးခွန်းကိုတော့ သူ မဖြေနိုင်ဘူး။ သူသာဖြေမိရင် ပဉ္စမမင်းသားကို လီဝေ့ရန်ရဲ့လက်ထဲမှာ ထည့်ထားသလိုဖြစ်ရလိမ့်မယ်။ လီဝေ့ရန်သည် သူမ၏ သံသယများကိုအတည်မပြုနိုင်ဘဲ ကျောင်းမိသားစု၏လုပ်ရပ်များကို ကောင်းစွာဆုပ်ကိုင်နိုင်တာမျိုး သူအဖြစ်မခံနိုင်။ ကျောင်းမိသားစုလက်ထဲမှာ တစ်ခုခုရှိနေတာကို ရှင်ဘုရင်သိသွားခဲ့ရင် ပဉ္စမမင်းသားကရုတ်တရက် မိုက်မဲစွာပြုမူလာခဲ့မှာမဟုတ်ဘူးလို့ သံသယရှိသွားလိမ့်မယ်။ တတိယမေးခွန်းကျ​တော့ ကျောင်းမိသားစု၏နောက်ထပ်လှုပ်ရှားမှုနှင့်ဆက်စပ်နေသောကြောင့် ဒါကိုသူလုံးဝမဖြေနိုင်ဘူး။ အဲဒါကို ထုတ်ဖော်လိုက်မိတာနဲ့ သူ့အနေနဲ့ ရှေ့ဆက်ဖို့နည်းလမ်းမရှိ​တော့ဘူး။

ကျောင်းဟွာသည် သူ့လက်ထဲတွင် စစ်တုရင်နယ်ရုပ်ကို ဆုပ်ကိုင်လိုက်သည်။ ကျောင်းဟွမ်နှင့် ကျောင်းထျန်တို့သည် သူမလက်ထဲတွင်ရှိနေသည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူတို့အား လီ​ဝေ့ရန်ကလွှဲပြောင်းပေးအပ်လာရန် ဘယ်သို့အတင်းအကြပ်လုပ်ရမလဲဆိုတာကို သူအသည်းအသန် သိလိုနေသည်။

ဒါက ကြောက်စရာကောင်းတဲ့ ကိုယ့်ကိုယ်ကိုညှဉ်းပန်းနှိပ်စက်တဲ့ ပုံစံမျိုးပဲ။ ကျောင်းဟွာက ဒီအကြောင်းကို ဆက်တွေးနေပြီး သူ့အတွေးတွေကို ပြန်သုံးသပ်ကြည့်နေတယ်။ သူ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားပေမယ့် ဘယ်မေးခွန်းကို ဖြေရမလဲ၊ သူ့ပြိုင်ဘက်ကို ဘယ်လို လှည့်စားနိုင်မလဲဆိုတာကိုသာတွေးနေမိတယ်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now