80.1.ပြုသမျှတန်ပြန်သက်​​ရောက်

4.3K 655 72
                                    

လှပသောတေးသွားပြီးဆုံးသွား​သောအခါ ချီယန်သည် မတ်တပ်ရပ်ကာ ဦးညွှတ်ပြီး​နောက်တိတ်တဆိတ်ထွက်ခွာသွားသည်။

လီမင်တိက ရုတ်တရက်ထရပ်လိုက်ပြီး

"တတိယမမ၊ ကျွန်​တော့်ဝတ်ရုံခြုံထည်ကို မေ့ခဲ့မိလို့ အပြင်ထွက်သွားပြီးယူလိုက်ဦးမယ်"

​သေချာ​ပေါက်ကို မြင်းလှည်းပေါ်မှာ သူ့ဝတ်ရုံခြုံထည်ကရှိ​နေတာကို ဘယ်လိုလုပ်သူကမေ့ခဲ့တာဖြစ်နိုင်ပါ့မလဲ? လီ​ဝေ့ရန်က ​​ချီယန်ဘယ်သူလဲဆိုတာရယ် ဘာ​ကြောင့်များ သူမကလီမင်တိရဲ့ အာရုံစိုက်မှုကိုဆွဲဆောင်နိုင်ခဲ့တာလဲဆိုတာကို ​တော်​​တော်​လေးသိချင်စိတ်ပြင်းပြ​နေမိတယ်။

မင်းသားနှစ်ပါးရှေ့တွင်မူ သူမကအမူရာပြောင်းလဲသွားသည်ကို ထုတ်ဖော်မပြသဘဲ နူးနူးညံ့ညံ့​လေးပြုံးကာ "သွားလေ"ဟုဆိုလိုက်သည်။

နဝမမင်းသမီး​လေးကလည်း ထခုန်ကာ

"ငါလည်း နင်နဲ့လိုက်ခဲ့မယ်!"

မမျှော်လင့်ဘဲ တစ်ခဏအတွင်းမှာပင် သူမ​လေးကစူးစူးရှရှအော်ဟစ်လိုက်မိသည်။ လီ​ဝေ့ရန်က ​တောင်းပန်သော​လေသံဖြင့်

"တို့အလွန်စိတ်မ​ကောင်းဖြစ်မိပါတယ် မင်းသမီး​လေးရယ်။ တို့ တမင်တကာလုပ်ရတာမဟုတ်ပါဘူး"

လီ​ဝေ့ရန်သည် နဝမမင်းသမီး​လေး၏လှပသောစကတ်ပေါ်သို့ သူမ၏လက်ဖက်ရည်ခွက်ကိုဖိတ်ကျ​စေလိုက်မိ​သော​ကြောင့်ဖြစ်သည်။

နဝမမင်းသမီး​လေးက နှုတ်ခမ်းစူ​နေမိသည်။ သူမ၏နှုတ်ခမ်းများသည် စူထွက်နေသောကြောင့် ဆီမီးခွက်ကိုပင် ဟန်ချက်ညီညီနှုတ်ခမ်း​ပေါ်တွင်တင်ထားနိုင်​လောက်သည်ပင်။

"မမက သိပ်န​မော်နမဲ့နိုင်တာပဲ!"

လီ​ဝေ့ရန်က သူမအားလီမင်တိရဲ့နောက်ကို လိုက်မသွားအောင်ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုလုပ်လိုက်တာကို​တော့ သူမ​လေးကသတိမမူမိဘူး။

မင်းသမီး​လေးက ၀တ်စုံအသစ်လဲဖို့အတွက်အခန်းထဲကထွက်သွားသည်။ အစေခံတွေအပြင် အခန်းထဲမှာကျန်နေခဲ့တဲ့ သူမတို့၃ယောက်ကသူတို့မျက်နှာမှာထူးဆန်းတဲ့အမူရာတွေကိုယ်စီရှိနေကြသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now