7.လီအိမ်​တော်သို့ ပြန်လည်​​ရောက်ရှိ

4.6K 547 2
                                    

ဖိင်ချန်မှာရှိတဲ့လီအိမ်​တော်မှာ လဝက်​လောက်​နေပြီး​နောက်မှာ​တော့၊ မြို့​တော်အပြန်လမ်းမှာ ​ဝေ့ရန်အတွက် အ​စေခံ၂​​ယောက်နှင့်အထိန်း​တော်၂ယောက်ကိုထည့်​ပေးလိုက်သည်။မြင်းလှည်းက​တော့ အမတ်ချုပ်ကြီးလီအိမ်​တော်ကပို့လွှတ်လိုက်ခြင်းပင်။ အ​ရောင်စုံတဲ့ကျောက်မျက်တွေကခန်းဆီးစပေါ်မှာ အတူတကွစီခြယ်ပုံ​ဖော်ထားပြီး ခမ်းနားထည်ဝါတဲ့ကြက်​သွေး​ရောင်ပိုးထည်​ပေါ်မှာစန္ဒပန်းကိုလက်​ရာ​မြောက်စွာပုံ​ဖော်ပန်းထိုးထားသည်။ ရိုးစင်းပြီးမထူးခြားတဲ့ အပြင်ဘက်ပုံစံနဲ့ယှဥ်ရင်​တော့ မြင်းလှည်း၏ အတွင်းပိုင်းအပြင်အဆင်က ခမ်းနားပြီးကြီးကျယ်လွန်းလှသည်။

လီ​​ဝေ့ရန်ကတော့ တစ်ချက်မျှသာကြည့်ပြီး ထပ်မကြည့်​တော့​ပေ။ ဒီမြင်းလှည်းက ပထမသခင်မအတွက်မူ သူမကိုခြိမ်း​ခြောက်ချင်တဲ့ သာမန်အသုံးချခံတစ်ခုဆိုတာ သူမကသိသားပင်။

ဒါက အခုမှအစပဲရှိ​သေးတယ်​လေ။

မြင်းလှည်းအတွင်းမှာ ပိုင်ကျီက သစ်နက်ဖြင့်လုပ်ထား​သောစားပွဲ​ပေါ်တွင် လက်ဖက်ရည်ပူပူ​လေးကိုဂရုတစိုက်ပြင်ဆင်​​ပေးနေသည်။ မျက်ဝန်း​တွေကိုမှိတ်ထားရင်းအနားယူ​နေတဲ့လီ​ဝေ့ရန်ကို သူမက အသာ​လေး​​ချောင်းကြည့်မိသည်။ ​ဝေ့ရန်ကို သူမစကားစမြည်​ပြောသင့်မသင့်ကို စိတ်ထဲကဗျာများ​နေမိသည်။ သူမရဲ့စိတ်ထဲတွင် တတိယသခင်မ​လေးကခရီးသွားလာရင် တစ်​ယောက်တည်းသီးသန့်​နေတတ်တဲ့ပုံစံမျိုးလို့ခံစား​ရတယ်။ တစ်ဖက်မှာထိုင်​နေတဲ့ဇီယန်ကို ကြည့်လိုက်မိသည်။ ဇီယန်ဆီမှာလည်း သူမနဲ့ထပ်တူညီတဲ့အမူအရာကို​တွေ့​တော့ သူမကပိုပြီး​တောင် စိတ်ရူပ်​ထွေးသွားရသည်။ သူမတို့၂​​ယောက်လုံးက ဖိင်ချန်လီအိမ်​တော်က​နေ တတိယသခင်မ​လေးကို ဂရုစိုက်ဖို့စေလွှတ်လိုက်တာဆို​တော့ တတိယသခင်မ​လေးရဲ့စိတ်​နေစိတ်ထားကို ​သေချာမသိတာ​ကြောင့် သူမတို့၏ ပါးစပ်​ကိုတောင်မဟရဲဘူးဖြစ်​နေကြသည်။

လီ​ဝေ့ရန်က မျက်လုံး​တွေကိုအသာ​လေး မှိတ်ထားပြီး သူမကအမတ်ချုပ်ကြီးလီအိမ်​တော်ကို ​ရောက်ခဲ့တဲ့မှတ်ဥာဏ်​တွေကို ပြန်စဥ်းစား​နေမိသည်။ သူမက အမတ်ချုပ်ကြီးလီအိမ်​တော်ဆီကို​​​ခြေချခဲ့တုန်းက ပထမသခင်မက သူမကို​​ခေါင်းစ​​​ခြေဆုံးအကဲခတ်ရင်း...

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now