134.1.ပြန်လည်သိမ်းယူရမည့်အပြစ်​ကြွေး

2K 322 12
                                    

လီ​ဝေ့ရန်က သက်ပြင်းသဲ့သဲ့​လေးချရင်း သူမ၏အသံက နူးညံ့စွာဖြင့်

"ရှင့်ကို အဲဒီငွေစက္ကူကို ပေးတဲ့သူက တို့မှ မဟုတ်တာ! ရှင်က ငွေ​ကြေးနဲ့ဘယ်လိုလဲလှယ်လို့ရပါ့မလဲ? တို့က ရှင့်ကို ရိုက်နှက်ခိုင်းဖို့ လူလွှတ်လိုက်တာလည်းမဟုတ်ဘူး။ ရှင့်ကိုယ်ရှင် တမင်ဒဏ်ရာရစေပြီး လူ​တိုင်းမြင်နိုင်​အောင် ရှင့်မျက်နှာမှာ ဒဏ်ရာတွေတောင် ထည့်လိုက်​သေးတယ်! တို့ ရှင့်ကို တစ်ခုလောက် မေးချင်မိတယ်? ရှင်ဘာလို့ဒီလိုလုပ်ရတာလဲ? တစ်စုံတစ်ဦးက တို့ကို ရာဇ၀တ်မှုကျူးလွန်တယ်ဆိုပြီး စွပ်စွဲမှာကို ကူညီဖို့များလား?"

လူတိုင်းက ထိတ်လန့်သွားကြသည်။ သူတို့မျက်လုံးများသည် ​ကျောင်းယွိလန်ထံ သံသယဝင်စပြုလာသည်။

​​​​ကျောင်းယွိလန်က အံ့သြသွားရသည်။ သူမ နှုတ်ခမ်းကိုကိုက်ထားရင်း မျက်လုံးများက အနည်းငယ်နီလာကာ

"ဝေ့ရန်.....မင်းကိုအပြစ်တင်ခံရဖို့ ဒီအမေက ဒီလိုပြောရတာမဟုတ်ပါဘူး။ ကျွန်းပင်ကိုစိုက်ဖို့အတွက်နဲ့ ပိုးစာပင်ကိုဖယ်ပစ်စရာလား? ဒီအမေက မင်းကို​ ​ချောက်ချဖို့အတွက်နဲ့ သမား​တော်ဟဲ့ကို အမိန့်ပေးတယ်လို့ မင်းကပြောနေတာလား? ဒီလိုအရာမျိုးနှယ်....ဒီလိုမျိုးကို ငါကဘယ်လိုလုပ် လုပ်နိုင်မှာလဲ? မင်းက​တော့ တကယ်ပဲ...သိပ်လွန်လွန်း​နေပြီ!"

လီ​ရှောင်ရန်သည် လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ပစ်ချပြီး ချက်ချင်း ထရပ်လိုက်သည်။ သူသည် လီဝေ့ရန်ကို စေ့စေ့ကြည့်ကာ သူ့အမူအရာက တင်းမာနေပြီး

"မုသားစကား​တွေပြည့်​နေတဲ့ပါးစပ်​ပေါက်ပဲ! မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ!"

လီ​ရှောင်ရန်၏ဒေါသအရှိန်ကြောင့် အခြားလူများကတုန်လှုပ်သွားပြီး စကားမပြောရဲကြသော်လည်း ထိုင်ခုံပေါ်တွင်ထိုင်ဆဲဖြစ်သော လီ​ဝေ့ရန်က မျက်တောင်ပင်မခတ်ဘဲ

"ဘာများဖြစ်တာလဲ ဖေဖေ? ဖေဖေက မေမေ့ကို စကားပြောခွင့်ပေးပေမယ့် သမီးကို စကားပြောခွင့်မ​ပေးဘူးလား? သတင်းစကားသာပျံ့နှံ့သွားပြီး​တော့...အခြားသူ​တွေသိကုန်ရင်​တော့ ​ဖေ​ဖေ့ကို လူထူးဆန်းလို့ ဆို​နေကြဦးမယ်။ ပြီး​တော့ သမီးက ​ဖေ​ဖေ့ရဲ့ အသွေးအသားရင်းလည်းဖြစ်တယ်ဆိုတာကို သတိရပါဦးလား"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now