137.2.ရေနစ်သူဝါးကူထိုး

2.2K 291 3
                                    

"သူမရဲ့အိမ်ထောင်ရေးကို တခြားတစ်ယောက်ယောက်က ဂရုစိုက်ပေးလိမ့်မယ်။ အနာဂတ်မှာ ဝင်မစွက်ဖက်ပါနဲ့"

ထော့ပါကျန်းသည် လီ​ဝေ့ရန်ကို အကြိမ်ကြိမ် ရက်စက်စွာဆက်ဆံခဲ့သော်လည်း တစ်နည်းနည်းဖြင့် အမြဲမအောင်မြင်ခဲ့ရပေ။ လောလောဆယ်မှာတော့ သူ့အ​နေနှင့် သူမကို ပိုချစ်လား မုန်းလားတောင် မပြောနိုင်တတ်ဘူး။ မည်သို့ပင်ဆိုစေကာမူ သူသည် မိမိပိုင်ဆိုင်သောအရာကို အခြားသူများကို လိုချင်တပ်မက်လာတာကို ခွင့်မပြုပေ။ သူမ သေရမယ်ဆိုရင်တောင် လီဝေ့ရန်က သူ့လက်ထဲမှာပဲ သေရမယ်။ သူတပါးလက်ကို မသုံးနိုင်ဘူး!

သူ့စကားတွေက သိပ်​တော့ယုတ္တိတန်မ​နေဘူး။ သူ၏မဟာမိတ်အဖြစ်၊ ကျောင်းဟွာသည် လီဝေ့ရန်ကဲ့သို့ အတားအဆီးများကိုရှင်းပစ်ရန် တာဝန်ရှိတာသဘာဝကျတယ်။ မင်းသားတစ်ပါးအနေနဲ့ ထော့ပါကျန်းကအကြောင်းပြကာ လီ​ဝေ့ရန်ကိုမထိစေချင်ဘူးဆိုရင် ကျိုးကြောင်းဆင်ခြင်ဖို့ သူဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ ဒါက ကွာခြားသွားမှာ မဟုတ်ပါဘူး။ ကျောင်းဟွာက ဒါကို ဘယ်လိုလုပ်နားမလည်နိုင်ရမလဲ?

"ကျုပ် တောင်းပန်ပါတယ်" 

ကျောင်းဟွာကအနည်းငယ် ပြုံးလိုက်မိသည်။

“ဒါက ကျုပ် သေချာမစီစဥ်ထားမိတဲ့ ကိစ္စပါ။ မအောင်မြင်သွားတာ ကောင်းပါတယ်။ မင်းသား စိတ်ပူစရာမလိုတော့ပါဘူး" 

ကျောင်းဟွာက ဒေါသတကြီး တုံ့ပြန်ခဲ့လျှင် ထော့ပါကျန်းသည် ကျောင်းဟွာကို စွန့်ပယ်ရန် သူ့နည်းလမ်းများ ရှိကောင်းရှိမည်ဖြစ်သော်လည်း၊ ကျောင်းဟွာက ဘာမှမဖြစ်သကဲ့သို့ ပြုမူနေခြင်းကို မြင်ပါက ၎င်းအစား သူ့ကို ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း အဓိပ္ပာယ်သက်ရောက်နေပုံရသည်။ ထော့ပါကျန်း၏မျက်ခုံးအနည်းငယ်က ပင့်တက်သွားသည်။ နောက်ဆုံးတော့ သူက အေးစက်စက် ရယ်မောလိုက်ပြီး စကားထပ်မဆိုတော့ဘူး။

ပွဲအခမ်းနားသည် ခါတိုင်းကဲ့သို့ ဖြစ်သော်လည်း မီးငြိမ်းသွားပြီးနောက် လူတိုင်း၏အပြောအဆိုမှာ အနည်းငယ်ရှဲသွားခဲ့သည်။ ကြင်ရာတော်လျန်သာလျှင် ခါတိုင်းနှင့်ကွဲပြားမှုမရှိဘဲ ဧကရာဇ်မင်းအား တီးတိုးလေးစကားဆိုသောအခါတွင် သူမ၏အပြုံးသည် ယိမ်းနွဲ့နေ၏။ သူမ၏အသက်ရှုသံများက နွေးထွေးမှု လွန်ကဲလာသဖြင့် ဧကရာဇ်၏မျက်နှာပေါ်ရှိ မကျေနပ်မှုများသည် ပုံမှန်အ​ခြေအ​နေအဖြစ်သို့ တဖြည်းဖြည်း ပြန်လည်သက်သာလာရသည်။  သူက သူမ၏ လက်လေးကိုဆွဲကိုင်ပြီး

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now