71.2.အသက်တစ်​ချောင်းကိုကယ်တင်

4.3K 622 39
                                    

နား​နေ​ဆောင်မှ သိပ်မဝေးသောတစ်​နေရာတွင် လီ​ဝေ့ရန်ကကြည့်​နေခဲ့ပြီး သူမ၏နှုတ်ခမ်းတွင်အေးစက်သောလှောင်ပြုံးတစ်ခုပေါ်လာသည်။ ထော့ပါကျန်းသည် ဧကရာဇ်၏သားတော်ကောင်းတစ်​ယောက်အဖြစ် အိမ်​ရှေ့စံကိုသစ္စာ​စောင့်သိကူညီပေး ဟန်ဆောင်ကာတစ်စုံတစ်ခုကိုအမြဲဖုံးကွယ်နေခဲ့သည်။ ဧကရာဇ်နတ်ရွာမစံခင်အချိန်တွင် ထော့ပါကျန်း၏စနက်​ကြောင့် သူ၏သားတော်တစ်ယောက်ချင်းစီကို စိတ်ပျက်မှုများဖြစ်​ပေါ်ခဲ့ကာ ဒီတတိယသားတော်တစ်ဦးတည်း၏သစ္စာရှိမှုနှင့်ရိုသေသိတတ်မှုကိုသာယုံကြည်ခဲ့မိသည်။ ထော့ပါကျန်းသည်​သာလျှင်နောက်ကွယ်က ကြိုးကိုင်အကြံအစည်ထုတ်​နေသူဖြစ်သည်ကို​တော့ ဘယ်သူမှမ​တွေးမိခဲ့ကြ​ပေ။ လက်ရှိမင်းဆက်၏ ၃၈နှစ်မြောက်တွင် ထော့ပါကျန်းသည် လုပ်ကြံမှု၌ပစ်မှတ်ထားခြင်းခံခဲ့ရသည်။ ၄၁နှစ်မြောက်တွင်မူ သတ္တမမင်းသားက​ ထော့ပါကျန်းအားခြုံခိုတိုက်ခိုက်ရန်စီစဉ်ခဲ့သည်။ ထိုနှစ်တွင်ထော့ပါကျန်း၏ ညီအစ်ကိုတိုင်းသည် သူမ​ခင်ပွန်းသည်၏ အသက်ကိုလိုချင်နေသည်ဟု လီ​ဝေ့ရန်ကထင်မိခဲ့သည်။ အခုပြန်တွေးကြည့်မှ ထိုသူတို့သည်ထော့ပါကျန်း၏စစ်မှန်သောသရုပ်မှန်ကို မြင်ဖူးသဖြင့်သူ့ကိုဖယ်ရှားပစ်ချင်ခဲ့ခြင်းပင်။ ထိုကဲ့သို့သောရက်စက်ကြမ်းကြုတ် ဆိုးဝါးသောတွက်ချက်ခန့်မှန်းမှုများကြောင့် ထိုနှစ်တွင်ထော့ပါကျန်းသည် အခြားမင်းညီမင်းသားများအားမှားယွင်းစွပ်စွဲမိ​စေရန်အတွက် ရာဇ၀တ်မှုများကိုအသုံးချ​လုပ်ကြံစေခဲ့သည်။ ဟ! ဒီလိုပြန်​တွေးကြည့်မှပဲ သူမကတကယ်ကိုတုံးအလွန်းခဲ့တာပဲ။ သူမကိုယ်သူမ​တော့ အချစ်အတွက်အနစ်နာခံခဲ့တယ်လို့ထင်ခဲ့မိပေမယ့် အမှန်တော့သူမကအသုံးချခံလိုက်ရခြင်းသာဖြစ်သည်။

"တတိယမမ၊ မမအဆင်ပြေရဲ့လား?"

လီမင်တိကစူးစမ်းစွာမေးလိုက်မိသည်။

"ဘာမှမဖြစ်ပါဘူး"

လီဝေ့ရန်သည် သူမ၏အတိတ်ဘ၀မှတ်ဥာဏ်မှရုန်းထွက်လိုက်ပြီးနောက် သူမ၏အသံသည်အတော်လေးတိတ်ဆိတ်သွားသည်။

လီမင်တိက သူမကိုစိုးရိမ်တကြီးကြည့်လိုက်မိသည်။ သူတစ်ခုခုပြောတော့မလို့လုပ်​နေ​ပေမယ့်အနောက်မှပုံရိပ်တစ်ခုကိုတွေ့လိုက်ရပြီးနောက် သူ့မျက်နှာမှာတည်တံ့သွားသည်။ သူကခေါင်းညိတ်လိုက်ရင်း

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now