16.အကြင်နာအညှာတာမဲ့စွာ နှလုံးသားမရှိ

3.9K 494 2
                                    

ဆုံးဖြတ်ချက်တစ်ခုချပြီးနောက် လီဝေ့ရန်သည် မဆိုင်းမတွပဲ စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နေသည့်အမူအရာဖြင့် ရည်ရွယ်ချက်ရှိရှိအော်ဟစ်လိုက်သည်။

"သတ္တမကိုယ်လုပ်​​တော်....သတ္တမကိုယ်လုပ်​တော်....သူမ ဘာတွေဖြစ်နေတာတဲ့လဲဟင်?"

ဟွာ​မေးသည် ဝေ့ရန်၏စူးစမ်းလိုစိတ်ကိုသိတာနဲ့ အလျင်အမြန်ပင်

"တတိယမမ​လေး၊ ဆောင်းရာသီရောက်လာတဲ့အချိန် သတ္တမကိုယ်လုပ်​တော်ရဲ့ရောဂါက ပိုဆိုးလာမယ်တဲ့။ သူမက ဒီနှစ်ကိုတောင် တောင့်မခံနိုင်မှာကို​ကြောက်မိ....."

သူမက စကားပြောနေစဉ် လီဝေ့ရန်၏အမူအရာပြောင်းလဲမှုကို တစ်ချက်မှမလွတ်​အောင်ဂရုတစိုက်လေ့လာနေသည်။

ဝေ့ရန်၏မျက်နှာပေါ်ရှိ အပြုံးသည်တဖြည်းဖြည်းပျောက်ကွယ်သွားပြီး မှောင်ရိပ်သန်းသွားသည်။

"သတ္တမကိုယ်လုပ်​တော်က ငါ့ရဲ့မွေးမိခင်ဖြစ်ပေမယ့် သူမဒုက္ခရောက်နေတာကိုပဲ ငါကြည့်​နေနိုင်တယ်"

ဟွာ​မေးက "တတိယမမ​လေး၊ မမ​လေးက အခုပိုကောင်းအောင်နေ​နေတာပဲ​လေ။ မမ​လေးက သတ္တမကိုယ်လုပ်​တော်ကို သွားမကူညီပေးသင့်ဘူးလား? အနည်းဆုံးတော့ မမ​လေးကသူမဆီကိုသွားကြည့်သင့်တယ်​လေ"

လီဝေ့ရန်သည် မျက်တောင်အနည်းငယ်ခတ်လိုက်ပြီး

"ဒါပေမယ့် အခုသတ္တမကိုယ်လုပ်​တော်က အရမ်းနေမကောင်းဖြစ်နေတာ​လေ။ အဖျားရောဂါကူးစက်ခံရမှာစိုးလို့ ဘယ်သူမှသွားကြည့်ခွင့်မပြုဘူးလို့ ဖေဖေကညွှန်ကြားထားတယ်လို့ ကြားမိတယ်"

ဟွာ​မေးကပြုံးပြီး "တတိယမမ​လေး၊ မမ​လေး ညဘက်ခိုးထွက်ပြီး သူမကိုသွားကြည့်နိုင်တယ်မလား။ ကျွန်မက တစ်ယောက်ယောက်ရောက်လာမလာကို စောင့်ကြည့်​ပေးထားဖို့ ကူညီမယ်​လေ။တစ်ယောက်ယောက်ရောက်လာတာနဲ့ ကျွန်မကချက်ချင်းအကြောင်းကြားလိုက်ပါ့မယ်။ ဒါဆိုရင် ဘယ်သူမှသိကြမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား"

လီဝေ့ရန်သည် ဆက်လက်၍ တွန့်ဆုတ်နေဟန်ဖြင့်

"ဖေဖေက ငါစည်းမျဉ်းကိုချိုးဖောက်တာသာသိရင် သူအရမ်းဒေါသထွက်သွားမှာ​နော်"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now