8.ကြင်နာတတ်​သောမိခင်၊ သိတတ်လိမ်မာ​သောသမီး

4.4K 554 1
                                    

ယခင်အမတ်ချုပ်ကြီးလီချန်းရှန်သည် သူ၏ အသက်လတ်ပိုင်းတွင်ကွယ်လွန်ခဲ့သဖြင့် သူ၏ ဇနီးဖြစ်သူမန်ရှီသည် အလွန်စိတ်သောက​ရောက်ခဲ့ရသည်။ သူမ၏စိတ်တည်ငြိမ်​အေးချမ်း​စေရန်အတွက် ပင်မအိမ်​တော်ဝင်းမှထွက်ခွာပြီး ခြံဝင်းငယ်ဆီသို့ပြောင်းရွှေ့​နေထိုင်ခဲ့သည်။ သူမအနေနှင့် ပင်မအိမ်​တော်ဝင်းသည် သူမ၏ခင်ပွန်းကိုသတိရ​စေသောကြောင့် ပင်မအိမ်​တော်နှင့်အဝေးဆုံးဖြစ်သည့်ဟယ်ရှင်းယွမ်အ​ဆောင်ဆီသို့ပြောင်း​နေရန်ဆုံးဖြတ်ခဲ့ခြင်းပင်။ ဟယ်ရှင်းယွမ်အ​ဆောင်သည် အလွန်သီးသန့်ဖြစ်သောကြောင့် သူမသည်အိမ်တော်၏ကိစ္စဝိစ္စအဝဝကို သိပ်​မေးခွန်းထုတ်​ဝင်မပါပေ။

ထိုဖခင်ဘက်မှ အဘွားဖြစ်သူမန်ရှီသည် အတော်လေးနှုတ်ဆိတ်ပြီး စကားနည်းသော အမျိုးသမီးကြီးတစ်ဦးဖြစ်သည်။ သူမသည် အခြားသူများနှင့်ပေါင်းသင်းဆက်ဆံလေ့သိပ်မရှိ။ မည်သို့ပင်ဆိုစေကာမူ သူမက တရားမျှတပြီး ကိစ္စတွေကိုကိုင်တွယ်ပုံမှာရိုးရှင်းသည်။ သူမသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ မတရားစွပ်စွဲခြင်းသို့မဟုတ်နှိပ်စက်ခြင်းမပြုခဲ့ပေ။ ဤအကြောင်းကြောင့် လီဝေ့ရန်သည်သူမအပေါ်ကောင်းသောခံစားချက်များကို အမြဲသိမ်းထားခဲ့သည်။ ကံမကောင်းစွာဖြင့် ယခင်ဘဝတွင် သခင်မကြီး၏ကျန်းမာရေးသည် ဆိုးဝါးခဲ့ပြီး လီ​ဝေ့ရန်ဧကရီမဖြစ်ခင် အချိန်အတော်ကြာတည်းကပင် ကွယ်လွန်သွားခဲ့သည်။

အခန်းထဲတွင် မန်ရှီသည် အလယ်၌ထိုင်ပြီး ကောင်းချီးငါးဖြာကိုခြယ်လှယ်ထားသော စိမ်းပြာ​ရောင်ပိုးထည်ကို၀တ်ဆင်ထားသည်။  သူမ၏ခေါင်းပေါ်တွင် အလယ်မှာကျောက်စိမ်းပါတဲ့မြွေပါသား​မွှေးခေါင်း​ဆောင်းတစ်ခုရှိနေတယ်။ လီဝေ့ရန်၏ ကျက်သ​ရေရှိသောအ​နေအထိုင်လှုပ်ရှားမှုများကိုကြည့်ကာ သူမကခေါင်းကို ငြင်သာစွာငြိမ့်လိုက်ရင်း

"မင်းပြန်လာတာ သိပ်ကောင်းတယ်"

အကြောင်းတစ်စုံတစ်ရာကြောင့် ဤစကားကြားရသောအခါ လီဝေ့ရန်၏မျက်ဝန်းများက နီရဲလာသည်။ လူတိုင်းကဒါကိုမြင်ပြီး ရုတ်တရက် ပြင်းထန်တဲ့ ခံစားချက်တွေခံစားလိုက်ရသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now