42.အနိုင်ရသ​ယောင်မျှော်လင့်ချက်​ပေး၍ ​ရောင်းစား

3.4K 479 2
                                    

လူတိုင်းက ဒါကိုကြားလိုက်သောအခါ သူတို့အားလုံးက အထိတ်တလန့်ဖြစ်သွားကြသည်။ပထမသခင်မသည် ထိုစကားကို ပထမဆုံးတုံ့ပြန်သူပင်။

"ဆုဇီတဲ့လား? ဒါက ​​သေချာ​ပေါက် သခင်မကြီးမကြာခဏသုံးတဲ့ ဂျင်ဆင်းနီ​လေ။ ချန်းလဲ့ မင်းက က​လေးပဲရှိ​သေးတယ် စကားတစ်ခွန်းကိုမစဥ်းစားပဲမ​ပြောနဲ့!"

လီချန်းလဲ့သည် သံတစ်​ချောင်းကိုနံရံအတွင်းသို့ရိုက်နှက်သကဲ့သို့ပင် ပြတ်သားစွာဖြင့်

“ဂျင်ဆင်းနီကို သမီးရဲ့အိမ်​တော်ဝင်းအတွင်းမှာလည်း ရနိုင်ပါတယ်။ သမီးက ဒါကို ဘယ်လိုလုပ်မသိနိုင်ပဲ​နေပါ့မလဲ။ ဒါတွေက ကျိန်း​သေ​ပေါက် ဂျင်ဆင်းနီ မဟုတ်ပါဘူး ”

လူတိုင်းရဲ့အကြည့်တွေက သူမရဲ့လက်ဆီကို​ရောက်​နေတယ်။ ဒါပေမယ့် ဂျင်ဆင်းနီကို ရေထဲထည့်လိုက်တဲ့အချိန်ကစပြီး မြေကြီးပေါ်ကိုပြုတ်ကျသွားတဲ့အချိန်အထိ အဲ့တာကို သဲသဲကွဲကွဲ ဘာလဲဆိုတာကို ဘယ်သူက သတိပြုနိုင်မှာတဲ့လဲ။ သို့သော် လီချန်းလဲ့က ဒီကိစ္စအား အခိုင်အမာပြောဆို​နေသည်။

လီ​ဝေ့ရန်က စကားတစ်ခွန်းမှမဆိုပဲ သူမကိုအေးစက်စွာကြည့်လိုက်သည်။

လီမင်ဖန်က မတ်တပ်ရပ်လိုက်သည်။ သူ၏ အမူအရာသည် ရေခဲကဲ့သို့အေးစက်​နေသည်။

"လုရှင်း၊ ခင်ဗျား ဘာ​ကြောင့် ဒူးမထောက်နိုင်​သေးတာလဲ"

​ကြောင်အမ်းနေသော အ​စေခံလုရှင်းသည် အလိုလိုပင် ဒူးထောက်ချလိုက်သည်။ လီမင်ဖန်၏အမူအရာသည် မ​ကျေမချမ်းဖြင့်

"အ​​စေခံကြီး၊​ ဘွားဘွားက မင်းကိုအယုံကြည်ဆုံးပဲ၊ လက်ဖက်ရည်နဲ့ စားဖွယ်တွေကို မင်းကို ကြီးကြပ်​စေခဲ့တာကို။ ဒါ​တောင် မင်းက ​ဘွားဘွားရဲ့ဂျင်ဆင်းနီကို လျှို့ဝှက်စွာ အစားထိုးဝံ့သလား”

လုရှင်းက မည်သို့တုံ့ပြန်မည်မသိဖြစ်​နေသည်။  သူမ​၏မျက်နှာသည် ဖျော့တော့စွာဖြင့်

"ပထမသခင်​လေး၊ ဒီအ​စေခံက ဒါမျိုးမလုပ်ခဲ့ပါဘူး။ ဒီအ​စေခံက ဘယ်လိုလုပ်ပြီး ​သခင်မကြီးရဲ့ပိုင်ဆိုင်မှုကို ခိုးယူဝံ့မှာလဲ။ ဒီအ​စေခံမှာ အသည်းအပိုတစ်ခုရှိမယ်ဆိုရင်တောင် ဒီအ​စေခံ မလုပ်ဝံ့ပါဘူး"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now