132.2.ကြီးကျယ်ခမ်းနား​သော​နေ့

2K 295 16
                                    

ဖန်းတိကျန်းသည် ဖန်းမိသားစုမှ စာ​ပေပညာတော်သင် ကျုံးကျိထျန်၏သမီးဖြစ်သည်။ သူမထံတွင်မိသားစု၏ ကိုယ်လုပ်တော်မှဖွားလာ​သော မောင်ငယ်လေးတစ်ဦးသာရှိသည်။ သူမသည် စွဲဆောင်မှုရှိသောအလှတရားနှင့် မြင့်မြတ်​သောအနွယ်​တော်ဝင်ဇာစ်မြစ်ကြောင့် ကျော်ကြားပြီး ဖန်းမိသားစုကို ရှင်ဘုရင်က ကောင်းမွန်စွာဆက်ဆံခဲ့သဖြင့် သူမသည်ဇိမ်ခံနေထိုင်ခဲ့ရသည်။ ကျောင်းယွိလန်သည် ဖန်းသခင်မ​လေး၏နူးညံ့ပြီးနှစ်သက်ဖွယ်ကောင်းသော ဖရဲသီးပုံသဏ္ဍာန်ရှိသော မျက်နှာ၊ သွယ်လျပြီးနူးညံ့သော မျက်ခုံးများ၊ သွယ်တန်း​နေ​သော ဇာမဏီမျက်လုံးနှင့် ချယ်ရီပန်းဖူးလို နှုတ်ခမ်း​သေး​​သေး​လေးတို့ကို မှတ်မိနေသေးသည်။ သူမသည် အခြားသူများကို မြင်သောအခါတွင် အခြားသူများက သူမအားပီတိဖြစ်စေရ​လောက်သော အပြုံးတစ်ခုကိုပြုံးနိုင်သူဖြစ်သည်။

ဖန်းမိသားစုတွင် ဤတရားဝင်သမီးလေးတစ်ယောက်သာရှိသောကြောင့် သူမသည် အလွန်အလိုလိုက်ခံထားရပြီး သူမကို ငွေကြေးအမြောက်အမြားသုံးစွဲခွင့်ပေးထားခဲ့ကြသည်။ နှစ်စဉ်နှစ်တိုင်း နွေရာသီအပူဒဏ်ကို တစ်လခွဲကြာရှောင်ထွက်ပြီး ခရီးသွားလာတိုင်း ပိုးထည်နှင့် ဖဲသေတ္တာ၁၀လုံးကို ယူဆောင်လာလေ့ရှိသည်။ ထိုအဖြစ်အပျက်က ၈နှစ်ကြာခဲ့ပြီဖြစ်ပြီး ထိုအချိန်တွင် ကျောင်းယွိလန်သည် အသက်၁၁နှစ်သာရှိသေး၍ သူမ၏မိခင်ထံ လာရောက်လည်ပတ်တတ်သော ဖန်းတိကျန်းကို သဘောကျခဲ့မိသည်။ ဖန်းသခင်မ​လေး၏မိသားစုသည် လက်ထပ်ရန်စီစဉ်ပေးခဲ့ပြီး သူမအား ဖုန်း​ကျောင်းသံအမတ်ကြီး၏သားဖြင့် လက်ဆက်​စေရန် အပ်နှင်းခဲ့ကြသည်။ သူတို့ နှစ်ယောက် ငယ်ရွယ်စဥ်ကတည်းက ဒီလို စီစဉ်စေ့စပ်ပေးထားခဲ့တာဖြစ်ပြီး ဒါက တန်းတူညီမျှလူမှုအဆင့်အတန်းညီတဲ့လက်ထပ်ပွဲ ဖြစ်ခဲ့တယ်။ ဤသခင်​လေးသည် ရုပ်ရည်ချောမောပြီး အရပ်ရှည်ကာ ယဉ်ကျေးသိမ်​မွေ့ခြင်းနှင့်ကိုယ်ခံပညာနှစ်ခုစလုံးကို ကျွမ်းကျင်တတ်​မြောက်သူဖြစ်သည်။ ဒါက အံ့ဩစရာကောင်းတဲ့ မိသားစုဂုဏ်တိုးသည့်ကိစ္စတစ်ခုဖြစ်လာမယ်ဆိုပေမယ့် ဖန်းမိသားစုက ဖန်းသခင်​မ​လေးရဲ့မောင်ငယ်အတွက် ဆရာတစ်ဦးကို ဖိတ်ခေါ်လိုက်ပြီးနောက်မှာ ပြဿနာတွေဖြစ်လာခဲ့မယ်ဆိုတာကို ဘယ်သူသိမှာလဲ? ဖန်းသခင်မ​လေးသည် အသိအမှတ်ပြုမခံရသော ထို အရည်အချင်းရှိသည့် လူငယ်ပညာတော်သင်​လေးကို အမှန်တကယ် ချစ်မြတ်နိုးမိသွားခဲ့သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now