114.1.မဟာမိတ်ထိမ်းမြားမှု

3.1K 421 63
                                    

​ထော့ပါကျန်းက သူမကို စိုက်ကြည့်ရင်း

"...ဒေါသထွက်နေသေးတာလား?"

"​ဒေါသထွက်ရမယ်?" 

လီ​ဝေ့ရန်ကအံ့သြသွားပြီး "တတိယအရှင့်သားပြောတဲ့ ဒေါသအ​ကြောင်းဆိုရင်​တော့ ဝေ့ရန်က မင်းသားဘာကိုဆိုလိုမှန်း မသိရပါဘူး"

​ထော့ပါကျန်းက ခါးသက်သက်ပြုံးလိုက်ပြီး

"ပြီးခဲ့တဲ့တစ်​ခေါက်တုန်းက ကိုယ်ကြမ်းတမ်းတဲ့စကားတွေ ပြောခဲ့မိတယ်။ မင်းက ဒီနေ့ အထိ စိတ်ဆိုး​မနေဘူးဆိုတာဖို့ ရှားပါး​ပေတာပဲ"

လီ​ဝေ့ရန်သည် ​ကြောင်အမ်းနေပုံရသည်။ သူမသည် ​ထော့ပါကျန်းနှင့် နောက်ဆုံးအကြိမ်က ပြောခဲ့သည့်စကားများကိုပင် မမှတ်မိ​တော့တာကို ဒေါသထွက်ရ​အောင်လည်း သူမက ကောင်းကင်ယံရှိ တိမ်မုန့်လုံးလေးသာသာပင် ဒီလူရဲ့စကားများကို ဘယ်တော့မှ နှလုံးမသွင်းခဲ့ဖူးဘူး။ ဘာကိုဒေါသထွက်​နေနိုင်ရမလဲ? ဒီတတိယမင်းသားက​တော့ သူ့ကိုယ်သူ သိပ်သေချာပုံ​နေပေါ်တယ်။

"တို့က မင်းသားကို ဘယ်တုန်းကမှ စိတ်​ဒေါသမထွက်ခဲ့ဖူးပါဘူး" ​

ဒေါသထွက်ဖို့​တောင် ရှင်ကအရည်အချင်းမပြည့်မီလို့ပဲဟု လီ​ဝေ့ရန်က သူမရဲ့စိတ်ထဲက​နေ ထပ်ထည့်ပြောမိတယ်။

"မင်း​ဒေါသဖြစ်မ​နေဘူးဆိုတော့ ကောင်းတယ်။ ဒီတချိန်လုံး မင်းစိတ်ထဲမှာ မကျေမနပ်ဖြစ်နေမှာကို ကိုယ်စိုးရိမ်မိ​နေတာ။ ဒီလိုဆို​တော့ မနေ့ညက ပွဲအခမ်းအနားမှာ မင်း ကိုယ့်ကို တစ်ချက်မှ​တောင် မကြည့်ခဲ့ဘူး​လေ" ဟု ​ထော့ပါကျန်းက အနည်းငယ် ပြုံးပြီးပြောသည်။

သူ၏အကြီးမားဆုံး​နောက်ခံအကူအညီသည် သေဆုံးသွားသော်လည်း သူသည် အမှန်တကယ်ကြီး လီအိမ်​တော်ထံသို့လာရန် စိတ်ရှိနေဆဲပင်။ လီ​ဝေ့ရန်က သူ့မအရှေ့ရှိ ဒီလူရဲ့ထိန်းသိမ်း​နေနိုင်စွမ်းကို ဆလံသရမှာဖြစ်ပေမယ့် သူမက အနည်းငယ်သာပြုံးပြီး

"အရှင့်သား၊ တို့ မမကြီးကို သွား​ခေါ်လိုက်ပါ့မယ်၊ ခဏစောင့်ရစ်ပါ" လို့ ပြောတယ်။

လီ​ဝေ့ရန်က မတ်တတ်ထရပ်လိုက်ချင်းပင် ​ထော့ပါကျန်းသည် သူမအရှေ့တွင် ပိတ်ရပ်လိုက်သဖြင့် ​ကျောက်ယွဲ့က သူ့ကိုသတိပေးတဲ့အကြည့် ကြည့်လိုက်သည်။ ကံမကောင်းစွာပဲ လီ​ဝေ့ရန်၏ အမိန့်မပါရှိဘဲ သူမက ဘာကိုမှမလှုပ်ရှားနိုင်ပေ။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now