134.2.ပြန်လည်သိမ်းယူရမည့်အပြစ်​ကြွေး

2.1K 322 7
                                    

ဆေးတံကြီး​သောက်သုံးခြင်းကို လွန်ခဲ့သည့်၁နှစ်ခန့်ကမှ တိုင်းပြည်တဝှမ်းမှာ မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ လူတွေက ဆေးရွက်ကြီးအမှုန့်ကို ပူဒီနာရွက်နဲ့ တခြားအဖိုးတန် ဆေးဖက်ဝင် ပစ္စည်းတွေကိုရောစပ်ထားပြီး အလုံပိတ်ဖယောင်းဆေးလိပ်ပုံစံဖြင့် နှစ်ပေါင်းများစွာကြာအောင် သက်တမ်းရှိအောင် အသုံးပြုကြတယ်။ အနံ့ကို ရှူရှိုက်ခြင်းဖြင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေနိုင်သည်။ ထည့်သွင်းရှုရမည့် အရည်ပုလင်းသည် ကျောင်းယွိလန်က ကျောင်းအိမ်​တော်ကို လက်ထပ်ဝင်လာခြင်း​ကြောင့် ကျောင်းမိသားစုမှ ဂုဏ်ပြုပေးအပ်ထားသောဆေးပုလင်းဖြစ်သည်။ ယုတ္တိကျကျပြောရလျှင် လီ​ရှောင်ရန်သည် ဤအရာမျိုးကို သူနှင့်အတူ သယ်ဆောင်လာမည်မဟုတ်သော်လည်း ကျောင်းရွှီက သူ့ကို ကောင်းစွာနားလည်သူဖြစ်သည်။

လူတိုင်းမှာ ကိုယ့်အကြိုက်နဲ့ကိုယ် ကြိုက်တာမကြိုက်တာတွေ ကိုယ်စီရှိကြတယ်။ လီ​ရှောင်ရန်သည် သတိဖြင့်​နေနိုင်သူဖြစ်သော်လည်း ခြွင်းချက်မရှိသူ​တော့မဟုတ်ပေ။ သူတို့ နှစ်သက်တဲ့အရာတွေနဲ့ ကြုံလာရတဲ့အခါ သည်းမခံနိုင်ဘူး။ လီ​ရှောင်ရန်သည် လှပသောရှုခင်းပန်းချီကားချပ်များကို အကြိုက်ဆုံးဖြစ်ပြီး ဒုတိယအချက်မှာ ထူးခြားသောဤ ရှုဆေးပုလင်းဘူးများစုဆောင်းရခြင်းဖြစ်သည်။ ဤမဟူရာရှု​ဆေးပုလင်းသည် သူ့အကြိုက်နှစ်မျိုးလုံးပါဝင်​နေတာဖြစ်သည်။

ပုလင်းပေါ်မှ ပန်းချီဆွဲထားသော ရှုခင်းများသည် ရှေးခေတ်က ကျော်ကြားသော ပန်းချီဆရာများ၏လက်ရာများဖြစ်ပြီး တည်တည်ကြည်ကြည်နှင့် သာယာနာပျော်ဖွယ်ကဗျာပုံများဖြင့် ပုံဖော်ထားသည်။ ပန်းချီ​၏အ​ကြောင်းအရာသည် ခေတ်ဆန်သောပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ညာလက်ဖြင့် ပြောင်မြောက်သော ကြည်လင်တောက်ပသည့်ဖန်ခွက်ကိုကိုင်ထားကာ ဘယ်လက်ဖြင့် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ကာ ကျောက်တုံးကျောက်ခဲများကြားတွင် ကျောပေါ်တွင် လဲလျောင်းနေလျက် မျက်လုံးများ မှေးမှိတ်ရင်း အရက်ကို မွှေးရှိုက်နေပုံဖြစ်သည်။ သူသည် ပန်းချီအတွင်းတွင် ရီ​ဝေ​ဝေမျက်လုံးများဖြင့် အရက်ကိုအနံ့ခံကာ လမင်းကိုကြည့်ရှုရင်း သောက်သုံး​နေသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now