27.ခါးခါးသီးသီး မုန်းတီး

3.9K 509 5
                                    

တတိယသခင်မသည် ယာကျူးယွမ်အ​ဆောင်တွင်နေထိုင်သည်။

လီဝေ့ရန်သည် ခြံဝင်းတံခါးဝတွင်​ရောက်လာ​သောအချိန်တွင်အရိပ်တစ်ခုက သူမဆီသို့အလျင်အမြန်ချဉ်းကပ်လာသည်။

အနည်းငယ် ကြောက်ရွံ့အေးစက်သောလက်တစ်စုံက ဝေ့ရန်၏လက်များကိုဆုပ်ကိုင်ထားပြီး

"တတိယမမ!"

လီ​ဝေ့ရန်က ခေါင်းကိုငုံ့လိုက်ပြီးထူးဆန်းစွာ လှပသောမျက်လုံးတစ်စုံကိုကြည့်လိုက်မိသည်။ ထိုမျက်လုံးများတွင် သူမ၏အရိပ်​​ရောင်ပြန်ဟပ်မှုကို​တောင်မြင်နိုင်သလိုလိုပင်။

သူမက အနည်းငယ်ထိတ်လန့်သွားမိသော်လည်းချက်ချင်းရယ်လိုက်မိသည်။ 

"မင်တိ"

လီမင်တိသည် ဝေ့ရန်ကသူ၏လက်များကိုတွန်းထုတ်ပစ်မည်ကို အနည်းငယ်စိုးရိမ်ခဲ့သော်လည်းသူမက သူ့အားဆက်လက်ဆုပ်ကိုင်ခွင့်ပေးထားသဖြင့် သူ၏အတွင်းစိတ်ကပျော်မြူးသွားသည်နှင့်အမျှ သူ့မျက်နှာတွင်အပြုံးတစ်ခုပေါ်လာသည်။ သူကသူမကိုလေးနက်စွာကြည့်သည်။ 

"တတိယမမ၊ ကျွန်​တော့်ဆီကို အလည်လာတာလား" 

သူ့အသံတွင် ပျော်ရွှင်မြူးမှုရှိ​နေသည်။

လီ​ဝေ့ရန်သည် သူမည်မျှချစ်စရာကောင်းသည်ကိုကြည့်ရင်းမရယ်ဘဲမနေနိုင်ဘဲ သူ့ပါးကိုဆွဲလိမ်ကာ

“ဒါအမှန်ပဲ။ တို့က မင်တိဆီကို လာလည်ဖို့ဒီကိုလာခဲ့တာ"

လီမင်တိက ချက်ချင်းပင်ပျော်ရွှင်သွားသည်။  မင်တိကသူမလက်ကိုဆုပ်ကိုင်ထားရင်း သူတို့ရှေ့သို့ဆက်လျှောက်လာကြသည်။ 

"တတိယမမ၊ ကျွန်​တော်က အစ်မကိုလိုက်ရှာချင်တယ်လို့ပြောပေမယ့် အမေက အစ်မအတွက်အနှောင့်အယှက်ဖြစ်လိမ့်မယ်လို့​ပြောတယ်"

သူမက လီမင်တိကို ကယ်တင်ပေးခဲ့ခြင်းမှာ အမှန်တကယ် သူတို့​တွေထိန်းသိမ်းရမည့်လျှို့ဝှက်ချက်ပင်။

လီ​ဝေ့ရန်သည် မင်တိ၏လက်က သူမကို ဆုပ်ကိုင်ထားသည်ကိုမမှုပဲ တတိယသခင်မ၏ ဧည့်ခန်း​ဆောင်ထဲသို့၀င်လာသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now