31.အထက်စီးဆန်ကာ ဗိုလ်ကျစိုးမိုး

3.6K 479 1
                                    

ပိုင်ကျီကလှည့်ပြီး လီ​ဝေ့ရန်ကိုကြည့်လိုက်တယ်။

"မမ​လေး၊ ခုနကဘာဖြစ်သွားတာလဲ?"

လီ​ဝေ့ရန်က ခပ်ပြတ်ပြတ်ပြန်​ဖြေတယ်။

"တစ်ယောက်ယောက်က ငါ့ကိုဖျက်လိုဖျက်ဆီးလုပ်ချင်နေတယ်"

ဒီအချိန်မှာတော့မိုးကစဲသွားပြီဖြစ်သည်။ လီဝေ့ရန်သည် ​ဖြောင့်တန်း​နေ​သောသက်တံ့ကိုကြည့်လိုက်သောအခါ သူမ၏မျက်ဆံများကကျုံ့သွားပြီး အသံတိုး​လေးဖြင့်ပြောလိုက်သည်။

“ငါသာ ​သူ့ကိုအခုသတ်လိုက်ရင် စိတ်ကျေနပ်စရာကောင်းမှာဖြစ်​ပေမယ့် မထင်မှတ်ပဲ သူ့ကိုအသုံးချ​လို့ရ​​သေးတယ်။ ဒါမှမဟုတ်ရင်​​​​တော့ သူတစ်ပါးရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ချင်တဲ့ဒီ​အောက်တန်းကျတဲ့လူ​တွေကို ဓားတစ်ထောင်နဲ့ထိုးရရင်​​တောင် ငါ့ရဲ့​ဒေါသကိုပြယ်ဖို့လုံလောက်မယ်မထင်ဘူး"

ပိုင်ကျီက မတ်တပ်ရပ်​နေတုန်းပင်။

လီဝေ့ရန်က သူမကိုတစ်ချက်ကြည့်လိုက်ပြီး​နောက်ရယ်လိုက်ရင်းဆက်ပြီး

"ငါတို့ သွားကြစို့"

မိုးက ခုနတင်ရွာသွားတာဖြစ်သောကြောင့် စိုစွတ်သောမြေပြင်ပေါ်က မိုးရေစက်များ​ပေါ်သို့မီးအိမ်မှမီး​ရောင်က ရောင်ပြန်ဟပ်နေသည်။  ခြေဖဝါးနှစ်ဖက်ကို မြေကြီးသို့ချလိုက်သောအခါအဝတ်များပါ စိုစွတ်သွားသည်ကိုရှောင်လွှဲရန်မဖြစ်နိုင်ပေ။ ပိုင်ကျီက လီဝေ့ရန်ရဲ့ ၀တ်ရုံကိုကိုင်ထားဖို့ပဲအာရုံထားနေ​သော​ကြောင့် တံခါးဝမှာစောင့်နေတဲ့ အထိန်း​တော်ကို ပြန်လည်တုံ့ပြန်ရမည့်အစား အထိန်း​တော်တစ်ကြိမ်ထပ်မက​ပြော​သောစကားကို ထပ်ခါထပ်ခါဆန်းစစ်​နေမိတယ်။

"ပထမသခင်မက ကျွန်မတို့အ​ဆောင်ဝင်းကိုပိတ်ထားဖို့​ပြောလိုက်တယ် ဟုတ်လား?"

တံခါးကိုစောင့်နေသော အထိန်း​တော်ကျန်းသည် ပုံမှန်အေးစက်သောလေသံဖြင့်ပြုံးလိုက်ရင်း

"ဟုတ်ပါတယ်၊ ပထမသခင်မက ဝမ်းကွဲသခင်​လေးတိုက်ခိုက်ခံရတာကြောင့် စေလွှတ်လိုက်တာပါ။ ဒီအ​ဆောင်ဝင်းက​နေ ဘယ်သူ့ကိုမှထွက်သွားခွင့်မပြုပါဘူး"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now