74.2.ဓါးသွားများကဲ့သို့​အေးစက်

4.4K 604 29
                                    

လီဝေ့ရန်က ထိုအမူအရာကိုသတိထားမိသော်လည်း သူမကမမြင်ဟန်​ဆောင်ကာ အလျင်အမြန်​ပြေးလာပြီးဖြေကြားသည်က

"မေမေ၊ ဝေ့ရန်က အ​မေ့ကိုစိတ်ပူအောင်လုပ်မိပါပြီ" ဟူ၍ပင်။

"ဝေ့ရန်ရယ်၊ အ​မေကစိတ်ပူရုံတင်မကဘူး။ မင်းအန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့​နေရမလားဆိုပြီး​တောင် ကြောက်လွန်းလို့​သေ​တော့မယ်"

ပထမသခင်မသည် ပါးစပ်ဟလိုက်သည်နှင့် သူမ၏အေးစက်မှုအရိပ်အယောင်နှင့်သူမ၏ မျက်လုံးမှအဆိပ်ရှိ​သောအ​ငွေ့အသက်များကတဖြည်းဖြည်းပျောက်ကွယ်သွားသည်။ လီ​ဝေ့ရန်က အသက်ရှင်လျက်ပဲပြန်လာ၍ ထိခိုက်မှုမရှိသည်ဆိုရင်​တောင် အပြင်တွင်တစ်ညအိပ်စက်မိသည့်အတွက်ရန်အတွက် သေခြင်းကို​ရှောင်လွှဲမရနိုင်ဟု ပထမသခင်မကတွက်ဆထားခြင်းဖြစ်သည်။

လီဝေ့ရန်သည် လန့်သွားပြီးနောက်အသာ​လေးမျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ လိမ္မာပါးနပ်မှုကြောင့် ပထမသခင်မ၏စကားများမှအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုသူမကသိပြီးသားဖြစ်သည်။ ဒါပေမယ့်သူမက တကယ်ကိုဘာမှမသိဘဲဟန်​ဆောင်ကာ အရိုးခံ​လေးဖြင့်

"မေ​မေက တို့အ​ပေါ်သိပ်ကို​ကောင်းတာပဲ။ ဝေ့ရန်အတွက် တွေးပူပင်​နေရလို့ ညတွေမှာတောင်အိပ်မ​ပျော်ဘူးထင်ပါရဲ့! "

ဝေ့ရန်အထိတ်တလန့်ဖြစ်မည်ဟု သူမကထင်ခဲ့ပေမဲ့အခုလိုသူမရဲ့မျက်နှာရိပ်မျက်နှာကဲကို​နောက်​ကြောင်းပြန်လိုက်မယ်​တော့ပထမသခင်မကမထင်ထားဘူး။ ပထမသခင်မကသွားကိုကိုက်ကာ သ​ရော်စွာဖြင့်

"အ​စေခံ​တွေ​ပြောတာ​တော့ မ​နေ့ညကမင်းကို​စောင့်​​ရှောက်​ပေးရတဲ့ကိုယ်ရံ​တော်​တွေအကုန်သေကုန်ပြီတဲ့။ မင်းလည်းအဖမ်းခံရတယ်လို့လည်းဆိုတယ်။ မင်းဒဏ်ရာတွေဘာ​တွေများရ​သွား​သေးလားဆိုတာ အ​မေကြည့်စမ်းပါရ​စေဦးကွယ် "

လီ​ဝေ့ရန်က နူးနူးညံ့ညံ့ပြုံးပြလိုက်ပြီး

“မေမေ၊ ဝေ့ရန်ကဘာဒဏ်ရာမှမရခဲ့ပါဘူး၊ ကြည့်ပါဦး ”

သူမက စကားပြောအပြီးမှာတစ်ကိုယ်လုံးကိုလှည့်ပြလိုက်ပြီး လီ​ရှောင်ရန်အားပြုံးပြရင်း

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now