65.2.အကြံအစည်ထဲကအကြံအစည်

3.3K 478 7
                                    

ဇီယန်သေဆုံးပြီးနောက်တွင် ပိုင်ကျီနှင့် မိုကျူးတို့သည်သာ လီ​ဝေ့ရန်၏အနားတွင် အနီးကပ်လူယုံ​​တော်များဖြစ်လာကြသည်။ အစကမူ လူတိုင်းက ဝေ့ရန်သည် အခြားအဆင့်မြင့်အ​စေခံ ၂ဦးကိုထပ်ရွေးချယ်လိမ့်မည်ဟုထင်ခဲ့ကြသော်လည်း၊ တစ်လကျော်လွန်ပြီးနောက်တွင်တောင် သူမကမလှုပ်မရှားပဲ​နေမယ်လို့​ ဘယ်သူကထင်ကြမှာလဲ။ အ​စေခံများနှင့်အထိန်း​တော်များကအံ့သြကြသော်လည်း သူတို့မှာ ထုတ်မမေးဝံ့ဖြစ်ရသည်။ သို့​သော်အိမ်တော်ဝင်း၌လုပ်စရာများစွာရှိနေသောကြောင့် မိုကျူးသည်လီဝေ့ရန်အားတောင်းဆိုပြီး ချင်းဖန်နှင့်ဟုန်လျိုတို့အားလက်ဖက်ရည်ဆက်သရန်နှင့် လက်တိုလက်​တောင်းကူညီစေရန်အတွက် ရွေးချယ်ခဲ့ကြသည်။ ချင်းဖန်သည် ပထမသခင်မ၏နေအိမ်တော်၌အလုပ်လုပ်ခဲ့ပြီး သူမသည်အထူးပါးနပ်သောကြောင့် မိုကျူးသည် ပထမသခင်မထံမှ သူလျှိုတစ်ဦး ဖြစ်မည်ကို ထိတ်လန့်ရင်း သတိထားစောင့်ကြည့်​နေရသည်။ ဟုန်လျိုသည်ကား စာရင်းကိုင်စီမံခန့်ခွဲသူလွီ၏သမီးဖြစ်ပြီး လက်ထပ်နိုင်ဖို့အတွက်​စောင့်ဆိုင်း​နေရသူဖြစ်တာ​ကြောင့် အိမ်တော်တစ်ခုလုံးရှိ သခင်များနှင့်အဆက်အသွယ်မရှိသဖြင့် သူမကိုအနီးကပ်မ​စောင့်ကြည့်ခဲ့ပေ။ ထို့ပြင်သူမသည် မခိုမကပ်ပဲ အလုပ်ကြိုးစားသူလည်းဖြစ်၊ စကားလည်းများများမပြောသဖြင့် သူတို့၏ယုံကြည်မှုကို တဖြည်းဖြည်းချင်းရလာပြီး အိမ်တော်၌အလုပ်ပိုလုပ်လာရသည်။

ယနေ့ညသည် ပိုင်ကျီနှင့်ဟုန်လျိုတို့၏ ညဆိုင်းများဖြစ်သည်။

လီဝေ့ရန်သည် အိပ်ရာမ၀င်ခင် ရေဆာသည်နှင့်လက်ဖက်ရည်ကြမ်းသောက်ရန်အတွက်တစ်စုံတစ်ယောက်ကိုညွှန်ကြားလိုက်သည်။ ပိုင်ကျီသည် ဟုန်လျိုကိုအလွန်နှစ်သက်သဖြင့်အလုပ်ကြိုးစားသော သူမကဲ့သို့အ​စေခံကို သခင်အားမျက်နှာပြနိုင်​စေရန် ရည်ရွယ်ချက်ရှိသဖြင့် လက်ဖက်ရည်ဆက်သခိုင်းလိုက်သည်။ အနာဂတ်တွင် ဟုန်လျိုလက်ထပ်​သောအခါ သူတို့၏သခင်က ဆုများများချ​စေအလိုငှား မမ​လေးအား လက်ဖက်ရည် ဆက်သရန် သူမအားတာဝန်ပေးလိုက်ခြင်းပင်ဖြစ်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now