116.1.​ထောင်​ချောက်! ​ထောင်​ချောက်!

2.4K 395 12
                                    

ယခုအချိန်တွင် လီဝေ့ရန်သည် ပလုတ်တုတ်ကိုင်ကာ သူမ၏မောင်ငယ်​လေးနှင့် ကစားနေသည်။ မင်ကျီက သူ့ပုခက်ထဲမှာ ပလုတ်တုတ်ကိုင်ထားရင်း ရယ်နေတယ်။  သူ​လေးက ခေါင်းကိုမော့ထားပြီး မျက်လုံးနက်များက တောက်ပနေသည်။ သိပ်မကြာခင်မှာပဲ သူက ပလုတ်တုတ်သံကြောင့် ငြီးငွေ့လာပြီး တွားသွားကာ လီဝေ့ရန်ဆီကိုလက်လှမ်းလိုက်တယ်။ တစ်နှစ်သားကလေးလေးတောင်မှ သူ့အပေါ် လူတွေရဲ့ သဘောထားကို အတိအကျအကဲဖြတ်နိုင်​နေပြီ။ သူ​လေးကိုတကယ်သ​ဘောကျသည်ဖြစ်စေ သူ့ကို သဘောကျချင် ဟန်ဆောင်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ ဒါက စကားမပြောတတ်တဲ့ ကလေးတစ်ယောက်ရဲ့အသိဗီဇတစ်ခုပင်။ လီဝေ့ရန်က သူမရဲ့လက်ချောင်းလေးတွေနဲ့ သူ​လေး၏​သေးငယ်​ဖောင်းကား​နေတဲ့ ပါးပြင်ပေါ်ကိုပုတ်လိုက်တော့ သူက ချက်ချင်း တခစ်ခစ်ရယ်​မောပြီး ပျော်ရွှင်နေပုံရတယ်။

လီ​ဝေ့ရန်က သူမ၏​မောင်​လေးကို စကားအချို့သင်ပေးဖို့ ကြိုးစား​​နေတာကိုမြင်​တော့ ထန်ရှီက နူးညံ့စွာပြုံး​နေတယ်။ သူမရဲ့ ပန်းထိုးမှုကိုလုပ်​နေရင်း လက်ထဲက အပ်တစ်ချောင်းဟာ ဘယ်တော့မှ ရပ်တန့်တယ်ကိုမရှိဘူး။

ထိုအချိန်တွင် အပြင်ဘက်ပြတင်းပေါက်မှ တံခါးခေါက်သံ၃ခုထွက်လာသည်။ လီဝေ့ရန်သည် ဘေးဘီကိုတစ်ချက်ကြည့်ပြီးနောက် ထန်ရှီအား

"အ​မေ၊ မကြာခင် သမီးပြန်လာခဲ့မယ်" 

သူမက ပြောပြီးသည်နှင့် သူမသည် မင်ကျီကို မိုကျုးဆီသို့​ပေးကာ ထွက်ခွာသွား​တော့သည်။

ထန်ရှီက သူမ၏အမူအရာကြောင့် တစ်ခုခုလွဲနေပြီဟု ခံစားမိကာ သိချင်စိတ်ဖြင့်ထရပ်မိသည်။

စင်္ကြန်လမ်းမှာ ​ကျောက်နဥ်က အပြင်တွင်စောင့်နေတယ်။ လီ​ဝေ့ရန်ထွက်လာတာကိုမြင်တော့ သူက တီးတိုးစွာဖြင့်

"မမလေး၊ သမား​တော်လု ပျောက်သွားတဲ့လမ်းကြားအထိ ကျွန်တော်လိုက်သွားခဲ့ပါတယ်။ နာရီဝက်လောက်ကြာတော့ သခင်​လေးတစ်ယောက် ထွက်လာပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကိုတိတ်တဆိတ်အမှတ်သညာပြုထားတာကိုမသိ​​တော့ ကျွန်​​တော် သူ့ကိုမှတ်မိနိုင်ခဲ့ပြီး သူ​ကျောင်းအိမ်​​တော်ရဲ့ နောက်တံခါးပေါက်ကို လိုက်သွားခဲ့တာကို​တွေ့ရှိခဲ့ပါတယ်။ မမျှော်လင့်ဘဲ သူ့ကို ပဉ္စမသခင်​လေးလို့ လူတော်တော်များများက ခေါ်ဝေါ်တာကို ကြားခဲ့ရတယ် … ကံမကောင်းစွာနဲ့ပဲ၊ ​ကျောင်းအိမ်​တော်က အစောင့်အကြပ်တင်းကြပ်ပြီး အ​စောင့်တပ်၇ထပ်ကာ ထားတာ​ကြောင့် ကျွန်​တော်ဝင်ပြီး သက်သေမရှာနိုင်ခဲ့ရပါဘူး"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now