43.ငြင်းပယ်၍မရ​သော သက်​သေအ​ထောက်အထား

3.4K 486 3
                                    

သခင်မကြီးက မျက်​မှောင်ကြုတ်လိုက်ပြီး

"ငါ့ရဲ့ ကိုယ်ပိုင် သမား​တော်ကို ဆင့်ခေါ်တာပဲ​ကောင်းပါတယ်..."

လီမင်ဖန်က

"သာမန် သမား​တော်တစ်ယောက်ဆိုရင် အသုံးမဝင်မှာ စိုးရတယ်။ ကျွန်​တော်ကြားမိတာ​တော့ လသမား​တော်လင်းက ဆေး​တွေကိုခွဲခြား​တဲ့​နေရာမှာ ထူးခြားတဲ့အရည်အချင်းရှိတယ်ဆိုပဲ။ ကျွန်​တော်တို့ သူ့ကိုဘာလို့ မဆင့်ခေါ်နိုင်ရမှာလဲ"

​သခင်မကြီးသည် ခဏလောက်တုံ့ဆိုင်းသွားသည်။ သမား​တော်လင်းသည် သမာသမတ်ကျပြီး လေးစားထိုက်သော မြင့်မြတ်သည့်အကျင့်​ကောင်းသီလရှိ၍ လူသိများသည်ဆို​တော့ သူသည် ၂ဖက်လုံးအ​ပေါ် မျက်နှာလိုက်စရာ အ​ကြောင်းမရှိ​ပေ။ လီမင်ဖန်က သူ့ကိုဆင့်ခေါ်ဖို့ အကြံပေးရတဲ့ အဓိကအကြောင်းအရင်းက လူတိုင်းနီးပါးကို လုံးလုံးလျားလျား ယုံကြည်​စေရန် သေချာဖို့အတွက်ပင်။ ​သခင်မကြီးသည် သူမ၏ မျက်လုံးများကိုမှိတ်လိုက်ပြီး ထိုအကြံကို အ​ကောင်အထည်​ဖော်ဖို့ ​တွေ​ဝေတွန့်ဆုတ်​နေမိသည်။

ကြောက်မက်ဖွယ်ရာငြိမ်သက်မှုက တစ်ခန်းလုံးကိုလွှမ်းမိုးသွားသလိုပင်။

လီ​ဝေ့ရန်၏နူးညံ့သောမျက်နှာသည် ဖြာထွက်​နေသော နေရောင်ခြည်ကြောင့် တောက်ပနေသည်။ သူမက အေးတိ​အေးစက်ပြုံးလိုက်ရင်း

"အစ်ကိုကြီးက သမား​တော်လင်းကို ဆင့်ခေါ်လိုက်မယ်ဆိုရင် ဒါကအကောင်းဆုံး​ဖြေရှင်းနည်းပဲ​ပေါ့။ ဒါပေမယ့် သမား​တော်လင်းက ညီမရဲ့ အပြစ်ကင်းစင်မှုကိုသာ သက်သေပြနိုင်မယ်ဆိုရင် အစ်ကိုကြီးအ​နေနဲ့ ဘယ်လိုလုပ်မလဲ "

လီမင်ဖန်သည် ယုံကြည်မှုအပြည့်ဖြင့် တောက်ပစွာပြုံးလိုက်သည်။

"ဒါဆိုရင်​တော့ ကျုပ်က တတိယညီမ​ကို ဒူးထောက်ပြီး လက်ဖက်ရည်ဆက်သရင်း မင်းရဲ့ခွင့်လွှတ်မှုကိုတောင်းခံမယ်​လေ"

"ကောင်းပါပြီ! ဒါဆိုရင်တော့ အဲ့လိုပဲလုပ်ကြတာ​ပေါ့"

လီဝေ့ရန်သည် တိတ်ဆိတ်စွာပြုံးလိုက်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now