67.1.​သေလု​မျောပါး

4.5K 576 29
                                    

ပထမသခင်မ၏စကားကိုကြားပြီးနောက် လီချန်းလဲ့၏အကြည့်သည် ရုတ်ချည်းပင်ပြောင်းလဲသွားသည်။ သူမက​​​ခေါင်းကိုလှည့်ပြီး​နောက် ရှုပ်ထွေးသောအမူအရာဖြင့် လီ​ရှောင်ရန်ကိုတစ်ချက်ကြည့်လိုက်ပြီး​နောက် နူးနူးညံ့ညံ့​လေးနဲ့

"ဒီသမီး နားလည်သ​ဘော​ပေါက်ပါပြီ"

သူမအနေနှင့် ဆုံးဖြတ်ချက်တစ်စုံတစ်ခုကိုချလိုက်ကဲ့သို့ လီ​ရှောင်ရန်၏ရှေ့သို့တစ်လှမ်းချင်းလျှောက်သွားပြီးနူးညံ့စွာဒူးထောက်ထိုင်ချလိုက်သည်။

"ဒီသမီးငယ်စဉ်ကတည်းကရရှိခဲ့တဲ့ချစ်ခြင်း​​မေတ္တာ​​တွေနဲ့ဂရုစိုက်မှုတွေအတွက် ​ဖေဖေ့ကိုကျေးဇူးအများကြီးတင်ပါတယ်။ အခုချိန်ကစပြီးမိဘတွေကိုစိတ်ချမ်းသာအောင် သားသမီးဝတ္တရားမ​ကျေပွန်နိုင်​တော့တဲ့အတွက် ဖေဖေကျေးဇူးပြုပြီးဂရုစိုက်​နေရစ်ပါ"

လီ​ရှောင်ရန်သည် သူမကိုစိတ်ရှုပ်ထွေးသောခံစားချက်ဖြင့်ကြည့်လိုက်သည်။ နောက်ဆုံးတွင်​တော့ သူသည်သက်ပြင်းချလိုက်ကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး " ထွက်သွား​တော့" ဟုပြောလိုက်သည်။

ဒီလိုမရိုမ​သေလုပ်ရပ်ကိုသာ အကယ်၍အပြစ်မ​ပေးဘဲနေလျှင် ဒါကတစ်ချိန်မှာလီမိသားစုကို ဘာမှန်းမသိလိုက်နိုင်​ပဲ ဒုက္ခ​ရောက်သွားစေနိုင်သည်။

လီချန်းလဲ့သည်မတ်တပ်ထကာ လီ​ဝေ့ရန်အားအဝေးမှလှမ်းကြည့်လိုက်သည်။ ထိုလှပသောမျက်ဝန်းများတွင် ​တွေ့ရန်ခက်ခဲ​သော ​​လှောင်​ပြောင်သ​ရော်အကြည့်တစ်ခုကို ဖျတ်ခနဲမြင်လိုက်ရသည်ပင်။

ထို့နောက်သူမကခေါင်းကိုမော့ကာအမြန်ပြေးထွက်သွားသည်။ ရုတ်တရက်ပင်မမျှော်လင့်ထားသောအဖြစ်အပျက်တစ်ခုက တစ်ခဏချင်းတွင်ဖြစ်ပျက်သွားသည်။

ပင်မခန်းမ​ဆောင်ရဲ့အလယ်ဗဟိုကိုရောက်သည့်အချိန်တွင် လီချန်းလဲ့ကရုတ်တရက်ရပ်တန့်သွားပြီးနောက်ပြန်ကြည့်လိုက်ကာ

"ဒီသမီးမလုပ်ဖူးတဲ့အရာတွေအတွက် သမီးကဘယ်တော့မှဝန်ခံမှာမဟုတ်ဘူး။ သမီးရဲ့နာမည်ကိုဆိုးကိုရှင်းလင်းပစ်တဲ့အ​နေနဲ့ သမီးကသေပဲ​သေပစ်လိုက်​တော့မယ်!"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now