91.အသက်ဆုံးရှုံးရ

4.2K 504 18
                                    

“​မ​သေချာဘူး။ ဧကရာဇ်မင်းမြတ်ရဲ့အမိန့်​တော်မရှိဘူးဆိုရင် သူတို့​တွေမြို့တော်ဆီကို ပြန်လာလို့ မရနိုင်ဘူး” 

လီမင်တိက ပြုံးလိုက်မိသည်။

လီ​ဝေ့ရန်က သ​ဘောတူစွာဖြင့်

“အမှန်ပဲ။ ဧကရာဇ်မင်းမြတ်က အမိန့်မပေးရင် ​ကျောင်းမိသားစုကပြန်လာလို့မရနိုင်ဘူး။ မဟုတ်ရင် ဒါက နိုင်ငံတော်ပုန်ကန်မှုလို့ သတ်မှတ်ခံရလိမ့်မယ်”

​ကျောင်းမိသားစုမှနယ်စားမင်းကြီးသည် သူတို့၏အခိုင်မာဆုံးပံ့ပိုးကူညီသူဖြစ်သည်။ ဧကရာဇ်မင်းမြတ်က သူ့ကို လေးစား​သော​ကြောင့် ​ရေ​ရေရာရာအထောက်အထားမပြနိုင်ဘဲနဲ့​တော့ တိုင်းပြည်ကိုတုန်လှုပ်စေမှာမဟုတ်ဘူး။ ဖန်ခွက်က ပြည့်လျှံ​​နေပြီးသားပင်မဟုတ်လား။ ​ကျောင်းမိသားစုသည် ယခုအချိန်တွင်တောက်ပ​နေ​ကောင်းနေပေမည်။ သို့သော် မီးထဲကိုဆီထည့်လိုက်ပါက တည်ငြိမ်​တော့မည်မဟုတ်​ပေ။ သူတို့​တွေက ထာဝရစည်းစိမ်နှင့် ဘုန်းကျက်သရေကို အမြဲခံစား​နေကြမည်ဟု ဘယ်သူက​​ပြောထားလို့လဲ?

လီမင်တိက ခေါင်းညိတ်သည်။

"ဒါပေမယ့် သူတို့ကိုရန်စတာကသင့်တော်ရာမကျပြန်ဘူး။ တတိယမမက တန်ပြန်နည်းလမ်းကို စဉ်းစားထားပြီးပြီလား?"

လီ​ဝေ့ရန်က မတ်တပ်ထရပ်ပြီးအပြင်ဘက်ရှိ အစိမ်းရောင်ငှက်ပျောရွက်များကိုကြည့်ကာ

“ပျားအုံကို တုတ်နဲ့ထိုးပြီးမှ​တော့ ပြင်ဆင်မှုတွေ လုပ်ထားရတာ​ပေါ့” ​ဟု ​ရေရွတ်လိုက်သည်။

​ကျောက်နဥ်ကဒဏ်ရာ​ကြောင့်ညည်းညူလိုက်မိသည်။ ​ကျောက်ယွဲ့ကသူ့ကိုညင်သာစွာဆူပူကြိမ်းမောင်းရင်း

"အစ်ကိုက တကယ်ကို န​မော်နမဲ့နိုင်ခဲ့မိတာပဲ"

​ကျောက်နဥ်က ကျယ်လောင်စွာရယ်မောလိုက်သည်။

လီ​ဝေ့ရန်က နောက်ပြန်လှည့်ကြည့်ရင်း မောင်နှမနှစ်ယောက်ကိုတွေ့တော့ပြုံးပြီး

"​ကျောက်နဥ်၊ အဲဒီလူနဲ့ တစ်ယောက်ချင်းတိုက်ခိုက်ရမယ်ဆိုရင် မင်းရဲ့ အရည်အချင်းအ​ပေါ် ဘယ်လောက်ယုံကြည်မှုရှိလဲ"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now