61.အုတ်​အော်​သောင်းတင်းဖြစ်

3.6K 510 19
                                    

လူတိုင်းကအံ့သြထူးဆန်းကုန်ကြသဖြင့် မျက်စိပျက်မျက်နှာပျက်ဖြစ်သွားသည်။

ပထမသခင်မ၏မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားပြီး​နောက် သူမကချက်ချင်းထရပ်လိုက်ပြီး​နောက် ဖြည်းဖြည်းချင်းပြန်ထိုင်လိုက်ရင်း

"ဝမ်သခင်မ​လေး၊ မင်းအမှတ်မှားနေပြီထင်ရဲ့။အခုက မှောင်ရိပ်သန်းနေပြီ​လေ...."

ဝမ်သခင်မ​လေးက ခေါင်းကိုခါလိုက်ပြီး

"မဟုတ်ဘူး။ မဟုတ်ဘူး။ တို့မြင်တာ မမှားပါဘူး။ သခင်မ မယုံဘူးဆိုရင် တို့ရဲ့အစေခံကိုမေးနိုင်ပါတယ်။ သူမလည်းမြင်လိုက်တယ်!"

အ​စေခံ၏မျက်နှာသည်လည်း စိမ်းဖန့်​နေပြီး ကြောက်ရွံ့သောအကြည့်ဖြင့်

"မမ​လေး​ပြောတာ အမှန်ပါပဲ။ ဒီအ​စေခံလည်း ဇီးပန်းပင်​​ပေါ်မှာတွဲ​လောင်းကြီးကျ​နေတာကို မြင်လိုက်ရပါတယ်။ လျှာ​တောင်ထွက်နေသလိုပဲ။ အရမ်းကြောက်ဖို့ကောင်းတာပဲ"

ပထမသခင်မ၏စိတ်နှလုံးသား၌ မကောင်းသော ခံစားချက်တစ်ခုဖြစ်​ပေါ်လာသည်။ သူမသည် မသိစိတ်က ဘာကြောင့်မှန်းမသိဘဲ လီ​ဝေ့ရန်ကို ကြည့်လိုက်မိသည်။ ဒီအဖြစ်အပျက်နဲ့ အခုလက်ဖက်ရည်သောက်နေတဲ့ ဒီခွေးမလေးမှာ အချိတ်အဆက်တစ်ခုရှိနေတယ်လို့ သူမခံစား​နေရတယ်။ ဒါကို​တွေး​​တောမိ​တော့ သူမကပြတ်သားစွာဖြင့်

“မင်းမှားမြင်တာ သေချာပါတယ်ကွယ်။ တစ်ယောက်​ယောက်လာပြီး ဝမ်သခင်မ​လေးကို သူမရဲ့​နေရာမှာပြန်ထိုင်ဖို့ကူညီပေးလိုက်ပါဦး"

ဝမ်သခင်မ​လေးသည် စကားထပ်ပြောချင်သော်လည်း ဝမ်သခင်မ၏မျက်နှာ​ပေါ်က အကြည့်ကိုမြင်လိုက်သောအခါ စကားတစ်ခွန်းမှမပြောဘဲ သူမ၏​နေရာဆီသို့ပြန်သွားသော်လည်း မသေချာမရေရာဖြစ်နေပုံရသည်။ ချက်ချင်းဆိုသလိုပင် သခင်မ​လေးများသည်သူမ၏အနားတွင်အ​ခြေအ​နေအ​ကြောင်းအရင်းကို​မေးမြန်းရန် ဝိုင်းအုံလာသဖြင့် သူမက တစ်စုံတစ်ခုကို ပြောပြချင်​နေ​သော်လည်း ဝမ်သခင်မက ရုတ်တရက်​ချောင်းဟန့်လိုက်သဖြင့် ဝမ်သခင်မ​လေးသည် ချက်ချင်းပင်စကားမဟတော့ချေ။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now