129.မနာလိုမှုမှ ရူးသွပ်မှုဆီသို့

2.9K 323 8
                                    

သူမသည် လီမင်တိ၏မျက်နှာအမူအရာ ပြောင်းလဲမှုများကို စကားလုံးတိုင်းပြောချိန်တိုင်းမှာ ဂရုတစိုက်သတိပြုမိသည်။ သူမသည် သူအားမရှိဆုံးအချိန်တွင် ဝင်တိုက်ကွက်ဆင်ချင်ခဲ့သည်။ လီမင်တိက အကျိုးဆက်များကို နားမလည်နိုင်လောက်ဘူးလို့ သူမက မယုံကြည်ပေ။ လီမင်တိသည် အကျိုးရလဒ်များကိုသိပြီးနောက်တွင်​တောင် ဘူးခံ​နေကာ ဝေ့ရန်​အ​ပေါ်ဆက်လက်သစ္စာတည်မြဲနေမည်ဟု သူမက မယုံကြည်ထားဘူး။ သူသည် ငယ်ရွယ်လွန်းသဖြင့်သာ အပြစ်ကင်းစင်သဖြင့် လီဝေ့ရန်၏ကျက်သရေစွဲဆောင်မှု​ကြောင့်သာ မျောပါသွားခြင်းသာဖြစ်ရမည်။

ဒီလောကကြီးမှာ ယောက်ျားပျိုတွေက နူးညံ့သိမ်မွေ့ပြီးထောက်ထားစာနာတတ်တဲ့ မိန်းက​လေးတွေကို နှစ်ခြိုက်တာမဟုတ်ဘူးလား? ချင်စောင်းတီးခတ်ခြင်း၊ စစ်တုရင်၊ လက်ရေးလှရေးခြင်း၊ ပန်းချီ၊ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုတို့နဲ့ပတ်သက်ပြီးတော့များ အဲဒီအချက်တွေထဲက တစ်ခုခုကို​တောင် သူမက လီ​ဝေ့ရန်ကိုရှုံးခဲ့စရာရှိလို့လား? ဒီတော့ ခံစားချက်ဆိုတာမျိုးတွေက ထိထိမိမိမခံစားသိနိုင်ပေမယ့် ဘာကြောင့် သူမက ......?

သူမ၏အသံသည် ပို၍နူးညံ့လာပြီး နွေးထွေးလာကာ

“မင်းရဲ့ ခံစားချက်တွေကို တို့နားလည်ပါတယ်။ မင်းက တို့လိုပဲ အထီးကျန်နေတာ​လေ…”

သူကသာ သူ့နှလုံးသားကို နည်းနည်းလေး ပျော့ပျောင်းပေးမယ်ဆိုရင် သူမက သူ့ကို အကုန်​ပေးအပ်မိသွားမိလိမ့်မယ်။ လီ​ရှောင်ရန်ဆိုတာလည်း အရေးမကြီးဘူး။ လီမိသားစုလည်း အရေးမကြီးဘူး။ သူမသာ စိတ်ရှိ​နေသရွေ့ သူမရဲ့လက်ဖဝါးထဲမှာ အရာအားလုံးကိုထည့်ကစားနိုင်တယ်။ လီဝေ့ရန်နှင့်ကျောင်းမိသားစုတို့ သေသည်အထိတိုက်ခိုက်ချိန်တွင် အမှောင်ထဲမှာ သူမကတိတ်တိတ်​လေးရပ်နေလိုက်လျှင် သေချာပေါက် နောက်ဆုံးတွင် အောင်ပွဲခံရလိမ့်မှာပဲမလား။

လီမင်တိ၏ခေါင်းက ပိုပူလောင်လာသည်။ သူ ရုတ်တရက်မူးဝေလာပြီး မတ်တပ်ရပ်ဖို့ ရုန်းကန်နေခဲ့ပေမယ့် ခွန်အားကို ရှာမတွေ့ဘူးဖြစ်​နေတယ်။ ထိုမိန်းမ၏ကိုယ်ရနံ့သည် သူ့ထံသို့ပို၍ နီးကပ်လာသည်။ နွေလယ်ခေါင်ကြီးမှာ ချွေးနံ့သင်းသင်းနဲ့ သင်းပျံ့တဲ့အ​မွှေးရနံ့က သူ့ဆီရောက်ရှိလာတယ်။ သူမနှင့် ပိုနီးကပ်လေလေ သူသည် ပို၍ရွံရှာလေလေဖြစ်ရသည်။ သူ့ကို အော့အန်လုမတတ် ဖြစ်သွားစေတယ်...သူမက သူ့အတွက် ဘာမို့လို့လဲ! သူမကိုယ်သူမ ဝေ့ရန်နဲ့ နှိုင်းပြရဲတယ်။ ခွန်အားသည် ဘယ်နေရာက​ရောက်လာသည်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း သူက သူမ၏လက်မောင်းကို တွန်းဖယ်လိုက်သောအခါ၊ ကျောင်းယွိလန်အားမြေပြင်ပေါ်သို့ ကျသွားစေရန် လုံလောက်သွားရသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now