51.သူတစ်ပါးဥစ္စာကိုယူ၍ ကိုယ့်အပိုင်ဖြစ်​အောင်လုပ်

3.7K 548 45
                                    

“စတုတ္ထအချက်က​တော့ အခွန်လျှော့ပေါ့ဖို့ပါ။ ဒုက္ခသည်များအားလုံးကို ၃နှစ်အခွန်ကင်းလွတ်ခွင့်ကြေငြာ​ပေးဖို့ ဒေသတစ်ခုစီတိုင်းကို သတင်းပို့သူကိုစေလွှတ်လိုက်မယ်ဆိုရင် ပြည်သူ​တွေက ဧကရာဇ်ရဲ့ကြင်နာမှုကို ကျေးဇူးတင်ဖို့သတိရ​နေပါလိမ့်မယ်။ တို့​တွေ ဒါကိုလုပ်တယ်ဆိုတာ အဓိကက အခွန်တွေလျှော့တဲ့အချက်မဟုတ်ပဲ တို့​တွေက လူ​တွေကို ဂရုစိုက်​ကြောင်းပြဖို့ဘဲ။ ပဉ္စမအချက်အ​နေနဲ့က​တော့အရန်သင့်စပါးကျီ​တွေကို စီစဉ်ထားဖို့ပါ။ ဒီကပ်ကြီးပြီးသွားချိန်ဆို သီးနှံဈေးများကျဆင်းသွားရင် တို့​တွေက အနာဂတ်ကပ်ဘေးအတွက် ကြိုတင်ပြင်ဆင်ဖို့ လယ်သမား​တွေဆီက​နေ သီးနှံရိက္ခါ​တွေကို ၀ယ်ယူသို​လှောင်ထားရမယ်။ သီးနှံတွေ စျေးနှုန်းပြန်မြင့်တက်လာရင် တို့​တွေဝယ်ခဲ့တဲ့ သီးနှံ​တွေကို စျေးနှုန်းသက်သက်သာသာနဲ့ ပြန်ရောင်းနိုင်မှာပဲ။ အဲ့ဒီသီးနှံတွေကို အနာဂတ်မှာကပ်ဘေးဒဏ်ခံရတဲ့ဒေသတွေရှိလာရင်လည်း အသုံးပြုနိုင်မယ်ဆို​တော့ ဒါကတစ်ကြိမ်တည်းနဲ့ အားလုံးအတွက် ကောင်းမွန်တဲ့နည်းဗျူဟာတစ်ခုပဲ"

လူတိုင်းက နားထောင်ပြီး​နောက် အံ့သြသွားကြသဖြင့် တစ်ယောက်ကို တစ်ယောက်​တောင် စကားမ​ပြောနိုင်ဖြစ်သွားကြသည်။ ​ထော့ပါကျန်းက အလွန်လက်ခုပ်သြဘာ​ပေးပြီး

“ကောင်းတယ်! ကောင်းလိုက်တာ! ဒါက အံ့သြစရာပဲ!”

လီချန်းလဲ့၏အမူအရာသည် သာမန်ဖြစ်​နေပုံရှိ​နေ​သော်လည်း သူမ၏လှပသောမျက်ဝန်းတစ်စုံတွင်ဒေါသနှင့်အမုန်းတရားတို့က ထွက်ပါ်လာသည်။ လီဝေ့ရန်က ဤကဲ့သို့​​သောအစီအစဉ်ကို တွေးနိုင်ခဲ့ဟု သူမကမယုံကြည်နိုင်ဖြစ်ရသည်။ အရေးကြီးဆုံးအပိုင်းမှာမူ ထိုအစီအစဉ်သည် အလွန်ကျိုးကြောင်းညီညွတ်သည်ကို​တော့ သူမက၀န်ခံရမည်ပင်။ သူမကမယုံကြည်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူမကမယုံကြည်နိုင်ဘူး။

“ဒီအဆင့်၅ဆင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးမူဝါဒက အချို့နေရာ​တွေမှာလိုအပ်ချက်ရှိနေပေမယ့်လည်း ဒါကအလွန်ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုပဲ” 

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now