56.လင်းလက်​တောက်ပ

3.8K 584 24
                                    

မိန်းမစိုးသည် သယ်ယူလာသောရတနာများစာရင်းကိုလိပ်လိုက်ပြီး လက်ဆောင်များ ပြည့်လျှံနေသော ဗန်းပေါ်တွင်တင်လိုက်သည်။ "လီဝေ့ရန်"ဟု​ခေါ်​သောအခါ သူ၏အသံသည် စူးရှပြီးကြည်လင်ပြတ်သား​နေသည်။

"လီ​ဝေ့ရန်၊ မယ်မင်းဘာ​ကြောင့် အမိန့်​တော်ပြန်တမ်းကိုလက်ခံရယူပြီး ​ကျေးဇူးတင်ရမယ့် ဂါရဝါတရားကိုမပြသ​သေးတာလဲ"

လီဝေ့ရန်က လေးစားစွာဦးညွှတ်ပြလိုက်ပြီး

“ကျွန်​တော်မျိုးမက အရှင်မင်းကြီးရဲ့ကြင်နာမှုကိုကျေးဇူးကြီးစွာတင်လှပါတယ်။ သို့သော်လည်း ကျွန်​တော်မျိုးမက ဝရုန်းသုံးကားဖြစ်နေတဲ့လူ​တွေရဲ့ဆင်းရဲဒုက္ခကို တွေးမိချိန်မှာ​တော့ ဤအရာကိုလက်ခံဖို့မဝံ့ရဲပါဘူး။ အရှင်မင်းကြီးသာ ခွင့်ပြုမယ်ဆိုရင် ကျွန်​တော်မျိုးမက ဒီ​နေရာမှာရှိသမျှရတနာတိုင်းကို မုန်တိုင်းဒဏ်ခံဒေသများရှိ လူများနဲ့ ဘေးသင့်နယ်​မြေများမှအိုးအိမ်မဲ့များကိုကူညီပြီး ခိုလှုံရန်ရှာဖွေနေသူများအတွက် အသုံး​ပြုစေလိုပါတယ်"

ဧကရာဇ်သည် အံ့အားသင့်သွားမိသည်။ သူ၏ အေးစက်သောမျက်လုံးများ၏အနက်ရိူင်းဆုံးသောနက်နေရာတွင် ဘာကိုတွေး​တောနေသည်ကို မြင်နိုင်ရန်မှာခက်ခဲလှသည်။ အမှန်တော့ သူ့ဆီမှာ ထိတ်လန့်မှုအနည်းငယ်ဖြစ်လာသည်။ စည်းစိမ်ဥစ္စာနှင့်ကျော်ကြားမှု​နောက်ကို မလိုက်ရ​ကောင်းမှန်းသိ​သော အသိဥာဏ်ရှိသော မိန်းမပျိုတစ်ဦးဆိုသည်မှာရှားပါးသည်ပင်။

မယ်​တော်ကြီးသည် နူးညံ့စွာပြုံးပြီး​နောက် ခေါင်းညိတ်ပြသည်။ သူမသည် ​ကောင်းမွန်​သောအ​တွေးဖြင့် လီဝေ့ရန်ကိုကြည့်ပြီး

“သိမ်​မွေ့တဲ့ မိန်းမငယ်​လေး၊ မင်းက ဒီရတနာတွေကိုလက်ခံဖို့ ထိုက်တန်ပါတယ်။ ဒါ​တွေကို မင်းပြန်လွှဲ​ပြောင်း​ပေးစရာမလိုပါဘူး။ ဒါ့အပြင် မင်းမှာရည်ရွယ်ချက်ကောင်းတွေရှိ​နေတယ်ဆို​တော့။ မင်းကို နောက်ထပ်ဆုချမှသာ မှန်ကန်မယ်ဆိုရမယ်။ အရှင်မင်းကြီး၊ မင်း​ရောဘယ်လိုထင်လဲ"

ဧကရာဇ်က အနည်းငယ်စဉ်းစားလိုက်ပြီး​နောက် ​ခေါင်းတငြိမ့်ငြိမ့်ဖြင့်

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now