4.လွီက​တော်ကို အပြစ်​ပေးခြင်း

4.5K 558 0
                                    

ကျိုးချင်းက လွီက​တော်နဲ့ယှဥ်ရင် ​ရေရှည်ကိုပိုမြင်တတ်တဲ့လူတစ်​​​ယောက်ပဲ။ သူက လီ​ဝေ့ရန်ကို ကလိမ်ကကျစ်ကြတာမျိုးလုပ်​လေ့မရှိဘူး။ ဘာလို့ဆို သူ့ရည်ရွယ်ချက်ကအ​ခြေအ​နေအရပ်ရပ် အတွက်အသင့်ဖြစ်​နေ​အောင်​လေ။ ဒါ​ကြောင့် သူအိမ်ကိုပြန်လာတဲ့အချိန်တိုင်း လီ​ဝေ့ရန်တစ်​​ယောက်အေး​အေးလူလူနေလို့ရသည်ပင်။

ဟင်းချက်ပြီးတဲ့​နောက်မှာ​တော့ သူမကမီးငြှိမ်းလိုက်တယ်။ ​အ​​ငွေ့​တွေ​ကြောင့်ဝေဝါး​နေတဲ့ သူမမျက်လုံး​တွေကိုဖွင့်လိုက်ရင်းခဏ​လောက် စဥ်းစားပြီး​နောက်​တော့ သူမကဖြည်းဖြည်းချင်းမတ်တပ်ရပ်လိုက်သည်။ သူမရဲ့ပင်ပန်း​​နေတဲ့ ​​ခြေလက်​တွေကို ဆုပ်နယ်ဖို့လုပ်​နေတုန်း တံခါးပေါက်က​နေအသံတစ်ခုဝင်လာတယ်။

"နင် အပျင်းတစ်​နေပြန်ပြီလား? မြန်မြန်​လေး မီးဖို​ချောင်ကိုသန့်ရှင်း​ရေးလုပ်စမ်း။ နင်ထပ်ပြီးအပျင်းတစ်​နေမလားဆိုတာ ငါပြန်လာကြည့်မယ်"

တံခါး​ပေါက်မှာခါး​ထောက်ပြီးရပ်နေတဲ့ မိန်းမငယ်​လေးကို လီ​ဝေ့ရန်ကဖြည်းဖြည်းချင်းကြည့်လိုက်သည်။ ဒီမိန်းက​လေးက သူမထက်အသက် ၁နှစ်ပဲကြီး​​ပေမယ့် သူမထက်ခေါင်းတစ်လုံး ပိုမြင့်​နေသည်။ သူမရဲ့မျက်နှာက ကြည့်​ကောင်း​ပေမယ့်စိတ်ဓါတ်မ​ကောင်းတာက သူမရဲ့သဘာဝ အလှကိုပျက်စီး​စေတာပဲ။

ကျိုးလန်ရှူက လီ​ဝေ့ရန်ရဲ့နူးညံ့တဲ့ပုံအဆင်းကို ကြည့်ရင်းမနာလိုစိတ်​တွေဖြစ်​နေတယ်။ သူမ စိတ်တွင်းထဲကကြိတ်​လှောင်ရင်း ဘယ်ဘက်ကိုလှည့်လိုက်​ပြီး ဝေ့ရန်ရဲ့ပုခုံး​နောက်က​နေပြီး ညွှန်ကြား​နေပြန်တယ်။

"အိုး​ခွက်တွေကိုဆေးဖို့လည်း မ​မေ့နဲ့ဦး။ ကြမ်းပြင်ကဗွက်​တွေကိုလည်းရှင်းပစ်။ မီးဖို​ပေါ်က ရှုပ်ပွ​နေတာ​တွေကိုလည်းအစီအစဥ်တကျရှင်းစမ်း"

မီးဖို​ချောင်သေး​သေး​လေးထဲမှာ လီ​ဝေ့ရန်ကမတ်တပ်ရပ်​နေပြီး အဲ့မိန်းက​လေးရဲ့​နောက်​ကျောကိုအံ့ကြိတ်ပြီးကြည့်​နေတယ်။ နာရီဝက်အကြာမှာ​တော့ သူမကအိုး​တွေကိုအကုန်​ဆေးပြီး​တော့ သူမ​ကျောကိုကိုင်းရင်း ကြမ်းပြင်ကိုသန့်ရှင်းဖို့လုပ်လိုက်တယ်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now