84.1.မ​ကောင်းဆိုးဝါးသဖွယ်

3.5K 528 44
                                    

လီ​ဝေ့ရန်က ပြုံးလိုက်ပြီး

"နဝမမင်းသမီး​လေးက ဘာများဆိုးသွမ်း​နေလို့လဲကွယ်? သူမ​လေးက မင်းနဲ့တူတူဆော့ကစားခိုင်းနေတာပဲရှိတာကို မင်းကဘာလို့ ဒီလောက်​တောင်စိတ်ဆိုးနေရတာလဲ"

လီမင်တိက ပြောင်ပြောင်တင်းတင်းပြုံးကာ ပြန်ပြောသည်မှာ

"တော်ဝင်မိသားစုအနွယ်ဝင်တွေက အထက်စီးဆန်မာနကြီးလွန်းတာ​ကြောင့် ကျွန်​တော့်ကို ​​ဒေါသထွက်​​စေတယ်"

"ဒါ​တော့ မင်းကတစ်ဖက်သတ်ပြောတာပဲ။ မင်းသမီး​လေးက နည်းနည်းတော့မာနကြီးပေမယ့် သူမ​လေးကဖြူစင်ပြီး​တော့ ဘဝကိုခပ်​ပေါ့​ပေါ့ပါးပါး​နေတတ်သူ​လေး​လေ။ ထပ်တိုး​ပြောရရင် သူမ​လေးမှာ မကောင်းတဲ့ရည်ရွယ်ချက်လည်းမရှိဘူးမလား။ သူမ​လေးက မင်းကိုအရမ်းသ​ဘောကျ​နေတာပဲ။ လူ​တော်​တော်များများက မင်းရဲ့နေရာ​ရောက်ဖို့အိပ်မက်​တောင် မမက်နိုင်ဘူးဆိုတာကို​ရော မင်းသိရဲ့လား?"

"အာဏာနဲ့ရာထူးကို ရည်မှန်း​နေတယ်ဆိုတာမျိုးလူတွေက ကျွန်​တော့်ကိုစွပ်စွဲတာမျိုးကိုမလိုလားဘူး!"

လီမင်တိက မျက်​မှောင်ကြုတ်လိုက်မိသည်။

လီ​ဝေ့ရန်က မရယ်ပဲမ​နေနိုင်ဘဲ

"မင်းကအ​တော်​တောင် အရွယ်​ရောက်​နေပြီပဲ။ ဒါပေမယ့် မင်းကသိပ်ပြီးခ​ရေ​စေ့တွင်းကျ​စေ့စပ်လွန်း​နေတယ်။ မိုက်လိုက်တဲ့ကလေးရယ်!"

"ကြီးကျယ်ခမ်းနားတဲ့အရာတွေကို ပြီးမြောက်အောင်လုပ်ဖို့အတွက်ဆိုအသေးအမွှားဖြစ်တဲ့အ​သေးစိတ်အချက်လေးတွေကို သေချာအာရုံစိုက်ရမယ်လို့ဆိုပေမယ့် ဒီကိစ္စက ကျွန်​တော်တို့အတွက် အသေးအဖွဲ့​လေးမို့သိပ်စဥ်းစား​နေစရာမလိုအပ်ပါဘူး"

လီမင်တိက ပြန်ပြုံးပြလိုက်သည်။

လီ​ဝေ့ရန်က အံ့အားသင့်သွားပြီး သူမကသိချင်လိုစိတ်ဖြင့်မှတ်ချက်​ပေးသည်က

"တို့ကမင်းအတွက် စိတ်ပူမိလို့ပါ။ ဘာလို့ဆို​တော့ ကြည့်ရတာ​တော့ မင်းသမီး​လေးက....မင်းကို ကြင်ရာတော်မင်းသားဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ချက်များရှိ​နေနိုင်မလားလို့​လေ!"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now