92.အားနွဲ့ပြီးသနားစရာ​ကောင်း

4K 483 59
                                    

(T/N: လီ​ဝေ့ရန် အပိုင်း90,91က errorတက်​နေလို့ပြန်ပြင်ထား​ပေမယ့်အချို့က ဖတ်လို့မရ​သေးဘူး​ပြော​နေကြလို့ပါ libraryက​နေ တစ်ခါ​လောက် ထုတ်ပြီး ပြန်ထည့်ပြီးဖတ်ကြည့်​ပေးပါ အာ့မှ အဆင်မ​ပြေ​သေးဘူးဆိုရင် ဖတ်မရတဲ့အပိုင်းကို​ပြောပြီး gmailချန်ထား​ပေးပါ အိုင်pdfနဲ့ပို့​ပေးပါ့မယ် အိုင့်ဘက်မှာ​တော့အစဥ်တိုင်းပဲမြင်​နေရ​​တော့error ဖြစ်သွားရင်​တောင်းပန်ပါတယ်)

လီ​ဝေ့ရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

“မမကြီးပြောတာကို တို့နားမလည်ပါလား။ တို့သိတာဆိုလို့ တို့ကလီမိသားစုရဲ့သမီးတစ်​ယောက်ဖြစ်ပြီးတော့ ​ဖေ​​ဖေ့ကိုတို့​တွေကမှီခိုအားထား​နေရတာ​လေ။  ဖေ​ဖေရဲ့ရှေ့မှာ အစ်မက​ကျောင်းမိသားစုအပေါ် ကိုသစ္စာစောင့်သိတယ်ဆိုပြီးကြေငြာလိုက်မယ်ဆိုရင် ​ဖေ​ဖေက ပ​ဟေဠိဖြစ်သွားမယ်မဟုတ်လား။ ​ကျောင်းမိသားစုကဘယ်လောက်​ပဲကောင်းနေပါစေ အစ်မက လီမျိုးရိုးခံယူထားဆဲပါ။ ဒါကို အစ်မကမမေ့သင့်ဘူး​နော်!"

လီချန်းလဲ့၏မျက်နှာတစ်ခုလုံးက ပြောင်းလဲသွားသည်။ သူမ၏မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်လာပြီး သူမ၏လှပသောမျက်နှာနှင့် မျက်နှာထားသည် ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းတစ်ခုအဖြစ် အစားထိုးဝင်​ရောက်လာသည်။

"နင့်ကို ငါဘယ်တော့မှ ခွင့်မလွှတ်ဘူး။ နင်စောင့်ကြည့်နေလိုက်!"

"မင်းဘာပြောလိုက်တာလဲ?!" 

သူမတို့နောက်မှာ အသံတစ်သံကထွက်လာသည်။ လီချန်းလဲ့က လှည့်ကြည့်လိုက်သည်။ လီ​ဝေ့ရန်က

"​ဖေ​ဖေ" ဟု နှုတ်ဆက်လိုက်သည်။

လီချန်းလဲ့က လီ​ရှောင်ရန်သည် သူ၏လေးနက်သောမျက်နှာထားနှင့်ဖြူဖျော့သွားသည်ကို မြင်လိုက်ရသည်။ လီ​ရှောင်ရန်သည် လီ​ဝေ့ရန်အား သူမပြောသည့်စကားကို ကြားသွားသည်ကိုသတိပြုမိသည်နှင့် သူမနှလုံးသားထဲတွင် စိတ်မသက်မသာလှ​သောမုန်တိုင်းများ လှုပ်ခတ်သွားသည်။ သူမက နှုတ်ခမ်းကိုကိုက်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်သည်။ သူမသည် ဘာပြောရမှန်းကို မသိတော့သဖြင့် ကျိုးနွံစွာဖြင့်ဒူးထောက်ကာ

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now