112.1.ကြီးမား​သော ဆုံးရှုံးမှုများ

2.6K 408 13
                                    

ကြင်ရာတော်လျန်၏သိသာထင်ရှားသောအမူအရာသည် နားမလည်နိုင်သောရန်ငြှိုးကို ပြသ​နေသည်။ သူမသည် ​ကျောင်းမျိုးနွယ်များကို လုံးဝရွံရှာသည်! ဒါအမှန်ပဲ! သူမသည် မုရုံမျိုးနွယ်များ၏ တကယ့်မိဘမဲ့ဖြစ်ပြီး ထိုအချိန်က အသက်ရှင်ကျန်ရစ်ခဲ့သည့်နောက်ဆုံး​သော မုရုံမင်းသမီး​လေးဖြစ်သည်။ လွန်ခဲ့သည့်၂နှစ်က တာ့လီဧကရာဇ်သည် ဟဲ့ချီနယ်နိမိတ်ငယ်​လေးကို အနိုင်ယူနှိမ်နင်းရန် ရည်ရွယ်ခဲ့သည်။ မုရုံမျိုးနွယ်​တွေက တန်ခိုးကြီးမားပြီး ကြီးပွားချမ်းသာတဲ့ တာ့လီပြည်ကို သူတို့မခုခံနိုင်ဘူးဆိုတာကို သိထားပြီး အကျိုးဆက်အနေနဲ့ စစ်သူကြီး ​ကျောင်းနန်ကို သူတို့ရဲ့လက်နက်ချသည့်စာကို ပေးလိုက်တယ်။ တာ့လီပြည်အတွက်၊ ဟဲ့ချီနယ်​​မြေကိုနှိမ်နင်းရန် စစ်သည်တစ်ဦးကိုပင် အသုံးပြုရန် မလိုအပ်ခဲ့သောကြောင့် ဧကရာဇ်သည် ဝမ်းမြောက်ဝမ်းသာဖြစ်မည်မှာ သေချာသည်။ သို့သော် ​ကျောင်းနန်အတွက်၊ ဤသည်မှာ သူ၏စစ်မှု​ရေးရာဘ၀ကို ထူထောင်ရန် အခွင့်ကောင်းတစ်ခုဖြစ်သည်။ သူသည် စစ်တပ်ကို ဦးစီးပြီးမြို့​တော်ကထွက်ခွာလာပြီဖြစ်သည်။ အကယ်၍ သူသည် ဤသွေးထွက်သံယိုတိုက်ပွဲတွင် မုရုံတို့ကို အောင်နိုင်လျှင် အောင်မြင်ပြီး အသိအမှတ်ပြုမှု ခံရနိုင်သည်။ သို့သော် မုရုံ​တွေသည် ဤကဲ့သို့ လက်နက်ချခဲ့မည်ဆိုလျှင် သူတို့၏လက်နက်ချရခြင်း၏ နောက်ကွယ်အ​ကြောင်းသည် အထင်ကြီးလောက်သော စစ်သူကြီး​ကျောင်းနန်ကြောင့် မဟုတ်ဘဲ တာ့လီဧကရာဇ်၏ကြီးမားသော အခွင့်အာဏာဘုန်းတန်ခိုးကြောင့်သာဖြစ်ရလိမ့်မည်။

ထို့ကြောင့် ငယ်ရွယ်ပြီးဂုဏ်​​မောက်နေသော ​ကျောင်းနန်သည် ဤအရာကို လူတိုင်းထံမှ ကွယ်ဝှက်ထားပြီး သံအမတ်ကိုသတ်ပစ်ကာ လက်နက်ချသည့်စာကို ဖျက်ဆီးပစ်လိုက်သည်။ သူသည် အနည်းငယ်​တောင် မဆိုင်းမတွဘဲ မူရုံ၏မြို့တံခါးများကို ဖြတ်ကျော်ကာ အားလုံးကို သိမ်းပိုက်ခဲ့သည်။ ဒါကိုပင်ပင် မလုံလောက်ဘဲ မုရုံမျိုးနွယ်​တော်ဝင်​မိသားစုကို သုံ့ပန်းများအဖြစ်​ မြို့တော်သို့ခေါ်ဆောင်လာသည်ဟု လူတိုင်းအား ပြော​စေသည်။ မုရုံမျိုးနွယ်များက သေခြင်းမှ လွတ်မြောက်သွားပြီဟု တွေးကာ ရန်ဖြင့်တုံ့နှင်းခြင်းမပြုကြပေ။ ထိုအချိန်က ကြင်ရာတော်လျန်ဖြစ်​သော နန်ယွိလျန်... မဟုတ်​သေးဘူး၊ သူမက ထိုအချိန်က မုရုံရှင်းဖြစ်ပြီး ပြန်ပို့ခံရတဲ့အကျဉ်းသားတွေထဲမှာ ပါ၀င်ခဲ့တယ်။ သေချာတာကတော့ သူမတစ်​ယောက်တည်းတင်မကပါဘူး။ ပြန်ပို့ခံရသူတွေမှာ ဧကရာဇ်မင်း၊ မောင်းမမိဿံတွေ၊ မင်းသားတွေ၊ မင်းသမီးတွေ၊ မင်းမျိုးမင်းနွယ်တွေနဲ့ မှူးမတ်မျိုးနွယ်တွေ ပါ၀င်တယ်။ သူတို့၏အနောက်တွင် မုရုံမျိုးနွယ်များ၏ ရာစုနှစ်များစွာသက်တမ်းရှိ အဖိုးတန်ရတနာများပါရှိလာသည်။ တာ့လီစစ်တပ်က ရလဒ်ကောင်းများနှင့်အတူ အိမ်​​တော််ရာသို့ ပြန်လာကြသည်။ ကြောက်စရာအကောင်းဆုံးမှာ ညဘက်တွင် အနားယူရန် တဲများဆောက်ပြီး​နောက် မုရုံရှင်းသည် စစ်သည်များ၏အရိုင်းဆန်​သောရယ်မောသံများနှင့် စစ်ပြည့်တန်ဆာသဖွယ်​သေဆုံးသွားရ​သော မိန်းမပျို​လေးများ၏အော်ဟစ်သံများကို အ​ဝေးက​နေကြားနေရခြင်းပင်။ ဒီစစ်သည်တွေက မြင့်မြတ်​သောမိန်းမပျိုတွေကို ဖျက်လိုဖျက်ဆီးလုပ်နေကြတယ်ဆိုတာကို သူမသိတယ်။ အဲဒီအချိန်တွေမှာဆို သူမနဲ့ သူမရဲ့ညီအစ်မတွေ အချင်းချင်း တုန်ရင်ပြီး တစ်​ယောက်ကိုတစ်​ယောက်ပွေ့ဖက်ထားကြတယ်။ သူတို့ရဲ့ အဆင့်အတန်းက တော်တော့်ကို ဂုဏ်သိက္ခာရှိတဲ့အတွက် အဲဒီစစ်သည်တွေက စစ်သူကြီးရဲ့အမိန့်အရ သူမတို့ကိုမထိဘူး။ ထို့ကြောင့် မုရုံရှင်းသည် ကံကောင်းစွာဖြင့် လွတ်မြောက်ခဲ့ရသည်။ ကံမကောင်းစွာပဲ သူမ၏စတုတ္ထညီမ​လေးဖြစ်သူ မုရုံဟွားသည် စစ်သည်များ၏ မတော်တဆအဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရပြီး မုရုံရှင်းက ဒါကို မျက်မြင်တွေ့ခဲ့ရသည်။ သူတို့က သူမကိုရှာ​တွေ့​တော့ သူမသည် သေဆုံးသွားပြီဖြစ်သော်လည်း မျက်လုံးများပွင့်​နေကာ ကြောက်ရွံ့မှုများ၊ နာကျင်ခြင်း နှင့် စိတ်ပျက်အားငယ်ခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် အဝတ်မဲ့ကာ စိမ်းညို့သောအနာများနှင့် ဒဏ်ရာများရှိ​နေသည်။ ထင်ရှားသည့်အတိုင်း၊ ဤမြင့်မြတ်​တော်ဝင်​သော မင်းသမီးလေးက ဘယ်လိုမျိုး ဖြတ်သန်းခဲ့ရသလဲဆိုတာကို စိတ်ကူးကြည့်ဖို့ လွယ်ကူလှသည်။ မုရုံရှင်းသည် ဤအရာကို ပြန်သတိရမိတိုင်း သည်းမခံနိုင်သော ရန်ငြိုးများက နှလုံးသား၏အောက်ခြေမှ တက်လာ​သောကြောင့် သူမကိုအိပ်မပျော်သောညများနှင့် အဆုံးမရှိသောအိပ်မက်ဆိုးများကို ဖြစ်​ပေါ်စေသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now