126.1.ရူးသွပ်​လောက်တဲ့သတ်ဖြတ်မှု

2.4K 341 23
                                    

လီဝေ့ရန်သည် ကျယ်လောင်စွာ ရယ်မောမိလုမတတ်ပင်။ ဒီနည်းလမ်းက သိပ်ကပျက်က​ချော်နိုင်လွန်းတယ်။ သူမက နှုတ်ခမ်းကို အုပ်ကာ တိုးတိုးလေးပြောသည်မှာ

"​ကျောက်ယွဲ့၊ မင်းက ငါ့ကို ဒီ​နေရာမှာ ဘာတွေ့​စေချင်နေတာလဲ!"

​ကျောက်ယွဲ့က ဝမ်းနည်းပူဆွေးနေသလိုဖြင့်

"မမ​လေးသာ ဒီပွဲ​ကောင်းကို မကြည့်လိုက်ရရင် နှ​မြောစရာကောင်းမယ်လို့ ဒီအ​​စေခံက ခံစားမိလို့ပါ"

"မင်း...."

လီဝေ့ရန်က ခေါင်းခါယမ်းလိုက်မိသည်။

အဲဒီ​နေရာမှာ နဝမမင်းသမီး​လေးက သူမတို့​တွေကြည့်နေတာကို သတိမထားမိဘဲ လီမင်တိရဲ့လက်မောင်းကို လှမ်းဆွဲလိုက်ပြီး

"တို့ ​ခေါင်းအရမ်းမူးနေတယ်"ဟုဆိုသည်။

နဝမမင်းသမီး​လေးရဲ့အ​ခြွေအရံ​တွေကလည်း ဘယ်သွား​နေကြမှန်းမသိဘူး။

လီမင်တိက သူမကို ညင်သာစွာကြည့်ကာ

"နဝမမင်းသမီးက ​​နေ​ကောင်းသားပဲ။ ဒါပေမယ့် ဒီမှာက လူ​တွေအုံ​နေလို့​နေမှာပါ"

နဝမမင်းသမီး​လေးက အထပ်ထပ်အခါခါခေါင်းညိတ်ပြ​နေသည်။ သူမ​လေးသည် သူ့ကိုစိုက်ကြည့်ရင်း အတွေးတစ်ချို့ကို တွေးနေမိသည်။

လီမင်တိက သူမ​လေးကိုကူညီထူ​ပေးပြီး ရေဓာတ်ဖြည့်ဆေးထည့်ထားတဲ့ ပုလင်းသေးသေးလေး ပေးကာ

"မင်းဒါကိုသောက်ပြီးတာနဲ့ ခေါင်းမူးနေတော့မှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။

လီဝေ့ရန်သည် ထိုအရာအားလုံးကို မမျှော်လင့်ထားသောကြောင့် အံ့အားသင့်သွားရသည်။ သူတို့နှစ်ယောက်က ဘယ်အချိန်က လိုက်လျောညီထွေပုလဲနံသင့်​နေကြမှန်း သူမ မသိရပါလား။ နဝမမင်းသမီး​လေးက ပျော့ညံ့ဟန်ဆောင်နေသည်ဟုထင်သဖြင့် ​ကျောက်ယွဲ့က နှုတ်ခမ်းစူထားသည်။ သူ့ဆရာသခင်က ဒီလိုထိန်း​ပေးနေမယ်မှန်း သူမ မသိလိုက်ဘူး။ မူလက သူမသည် တတိယသခင်​မလေးအား သူမ၏သခင်​လေးက အခြားအ​ချောလှများကို ဘယ်လို ​ချေမိုးတွန်းထုတ်ခဲ့သည်ဆိုတာကိုပဲ မြင်စေလိုခဲ့တာ။ ယခုတော့ သူ့သဘောထားသည် လိုက်လျောညီထွေပြ​နေသောကြောင့် မမ​လေးကို သူမ​ခေါ်ဆောင်လာသည့်အတွက် နောင်တရမိသည်။ သခင်​လေးက ငြင်းသင့်တာမဟုတ်ဘူးလား!

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now