88.2.ရင်သပ်ရှု​မောရ​လောက်​သော​ခြေလှမ်း

3.4K 505 7
                                    

ထိုညနေပိုင်းတွင် စစ်တပ်၏ဒုတပ်မှူးကျိုးယွမ် သည် ယုံရခက်သောအမိန့်ကိုလက်ခံရရှိလိုက်ရသည်။

"ဘာပြောတယ်? ကိုယ်လုပ်တော်က သူမကို သတ်ချင်နေတာလား?"

အမျိုးသမီးအရာခံက

"အခြားသူတွေကြားသွားမှာကို သတိထားပြီး အသံကို လျှော့စမ်းပါ"

ကျိုးယွမ်သည် သူ့နောက်ကျောကိုဘက်က​နေ လက်ကို​ရှေ့ထုတ်လိုက်​နောက်ပို့လိုက်လုပ်​နေပြီး ခဏအကြာနောက်ဆုံးတွင်တော့ရပ်တံ့သွားသည်။ သူသည် ကျန်းတိ​ဖေးမိဖုရားကြီး၏ တင့်တယ်သောမျက်နှာကို ကြည့်ပြီး

"မယ်မယ်မိဖုရား၊ အန်းဖိန်းမင်းသမီး​လေးကဧကရာဇ်မင်းမြတ်ရဲ့ အ​လေး​ပေးနှစ်သက်ခံရသူတစ်ဦးပါ။ မယ်​တော်ကြီးကလည်းသူမကိုချစ်ခင်နှစ်သက်ပါတယ်။ သိပ်မကြာခင်ကပဲ သတ္တမမင်းသားနဲ့သူမက......"

ကျန်းတိ​ဖေးမိဖုရားကြီး၏ ဆံညှပ်ဆံထိုးသည် နူးညံ့သိမ်မွေ့သောအရွက်ခြောက်လွှာနှင့် လက်ရာမြောက်သောကျောက်စိမ်းအဆင်တန်ဆာတို့ပါဝင်သည်ဖြစ်​လေရာ သူမစကားပြောသောအခါတွင် တွဲ​လောင်းကျ​နေ​သော ဆံထိုးအမြိတ်သည်ငြင်သာစွာယမ်းခါ​နေသည်။

"အတိအကျပြောရရင် ယုအာအတွက်ပဲ ငါကသူမကိုအသက်ရှင်ခွင့်ပြုလို့မရနိုင်ဘူး"

ကျိုးယွမ်သည် သူ၏ဝမ်းကွဲအစ်မဖြစ်သူ ကျန်းတိ​ဖေးမိဖုရားကြီးက တိတ်ဆိတ်စွာပြုံး​နေပြီး ပုစဉ်းရင်ကွဲကောင်လိုငြိမ်သက်စွာ​နေသည်ကို သူကစိတ်ရှုပ်​ထွေးစွာကြည့်​နေမိသည်။ တိတ်ဆိတ်ငြိမ်သက်နေသည့်ကြားက သူမ၏လျင်မြန်သော အာဝဇ္ဇန်းစကားကို အခြားသူများကြားနိုင်ရန်မှာခက်ခဲလှသည်။

"ယုအာက သူမကိုသူ့ရဲ့ ပထမကြင်ရာတော်ဇနီးသည်အဖြစ်နဲ့ လက်ထပ်ချင်တယ်လို့ငါ့ကိုထုတ်​ပြောလာတယ်"

ကျိုးယွမ်က ထိတ်လန့်တုန်လှုပ်သွားပြီး မယုံနိုင်စရာကောင်းတဲ့ အမူအရာဖြစ်သွားသည်။ လီ​ဝေ့ရန်က အန်းဖိန်မင်းသမီးဖြစ်လင့်ကစား မွေးရာပါအဆင့်အတန်းက နိမ့်ပါးနေသေးတဲ့အတွက် တခြားသခင်မ​လေးတွေနဲ့ယှဉ်ရင် သူမကို အထင်ကြီးလောက်စရာတော့မလိုပါဘူး။ ထော့ပါယုသည် သူမအားထိမ်းမြားလိုက်ပါက လူ​တွေရယ်ပွဲ့ဖွဲ့စရာဖြစ်လာ​ပေ​မည်ကိုသူမက​ကြောက်လှသည်။ သတ္တမမင်းသားသည် အခွင့်ထူးခံအထက်တန်းလွှာမင်းမျိုးနွယ်ဖြစ်သောကြောင့် ကျန်းတိ​ဖေးမိဖုရားကြီးသည် ဝေ့ရန်အား ချွေးမအဖြစ် သ​ဘောမကျသည်မှာမဆန်းကြယ်လှပေ။ သို့​သော် သူမက မကြိုက်နှစ်သက်လို့ငြင်းလိုက်ရင်ရ​နေတာကို ဘာလို့များ ဒီလိုရက်စက်တဲ့ဗျူဟာဆုံးဖြတ်ချက်မျိုးကိုချမှတ်ရတာလဲ?

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now