109.2.ဆန်းကြယ်​သောသရုပ်မှန်

2.6K 411 22
                                    

လီ​ဝေ့ရန်က ခေါင်းညိတ်လိုက်ပြီး ဘာမှပြန်မပြော​ပေ။ သူမက သူ့ကို နှစ်သိမ့်ပေးချင်ပေမယ့် သူကသူမပြောသမျှကို လက်ခံမှာမဟုတ်ဘူး။

သူက ချိုမြိန်နူးညံ့သောနွေဦးပေါက်ကဲ့သို့ ပါးချိုင့်လေးများဖြင့် ဖြည်းညှင်းစွာပြုံးပြလိုက်သည်။ သူက

“ကျွန်​တော့်ကိုမွေးဖွားပြီးတာနဲ့ မင်းသမီးက ရူးသွပ်သွားခဲ့ရတယ်။ သူမ တကယ်ရူးသွပ်သွားတာလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က သူမကို ရူးသွပ်သွား​စေတာလားဆိုတာကို ကျွန်တော်မသိဘူး။ သူမက ဘယ်သူဖြစ်တယ်ဆိုတာရယ် ဒီက​လေးက သူမရဲ့သားဖြစ်တယ်ဆိုတာကိုမမှတ်မိ​တော့ သားဖြစ်သူကို တစ်ကြိမ်တစ်ခါ​တောင်မကြည့်ဖူးဘူး။ ဧကရာဇ်က သူမကိုယ်သူမ နာကျင်မိစေမှာကိုစိုးရိမ်တဲ့အတွက် သူမကို နေ့ရောညပါ အနီးကပ်စောင့်ကြည့်ခဲ့​ပေမယ့်လည်း သူမကို ဘယ်လိုပဲကောင်း​ကောင်းမွန်မွန်ကာကွယ်ထားထား လစ်ဟာမှုကရှိလာတယ်။ တစ်နေ့​တော့ ကြာ​ရေကန်ရဲ့ရေမျက်နှာပြင်ပေါ်မှာ လွင့်မျောနေတဲ့ သူမအ​လောင်းကို တွေ့ရှိခဲ့ရတယ်။ သူမက သိပ်ကို ထူးဆန်းစွာသေဆုံးသွားခဲ့ရတာ​ကြောင့်… ဧကရာဇ်က ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့တယ်။ သူက လူ​မြောက်များစွာကို ဆက်တိုက်ဆိုသလို သတ်ဖြတ်ခဲ့တယ်။ သူ့ပတ်ဝန်းကျင်ကလူတိုင်းကို သံသယရှိ​ပေမယ့် သူက ဘယ်​လောက်ပဲလူ​တွေကိုသတ်​နေပါ​စေ မင်းသမီးက​တော့ အသက်ပြန်မရှင်လာနိုင်ခဲ့ဘူး။ သူက ထိတ်လန့်ကြောက်ရွံ့လာပြီး ဘယ်နေရာကမှ မလုံခြုံတော့ဘူးလို့ ခံစားလာရတယ်။ ဒါ့အပြင် သူက ကလေးကို စစ်မှန်တဲ့​နေရာတစ်ခု ပေးလိုတာကြောင့် ကလေးကို သူ့ရဲ့သစ္စာစောင့်သိတဲ့ငယ်သားဆီအပ်နှံဖို့ အမိန့်ပေးခဲ့တယ်။ သူက ကလေးကို ဝေးလံခေါင်သီတဲ့ရွာတစ်ရွာကို ခေါ်သွားခိုင်း​စေပြီး ကလေးကြီးပြင်းလာချိန်အထိစောင့်ရင်း ပြန်​ခေါ်လာ​စေဖို့ အစောင့်အကြပ်များစွာ စေလွှတ်ခဲ့တယ်။ တို့ယီအမည်နဲ့ တိုင်းပြည်အစွန်းက ကျေးလက်တောရွာကိုသွားခဲ့ကြတယ်။ ငယ်သားက ကလေးနဲ့အတူ အဲ့ဒီနေရာမှာ ၄နှစ်ကြာ နေထိုင်ခဲ့တယ်။ နောက်ဆုံး​တော့ အဲ့ဒီ့ငယ်သားလည်း အသတ်ခံရလိုက်​တော့ ဒီအ​ကြောင်းကိုသိရှိတဲ့မူလအစောင့်ကြပ်​တွေထဲကတစ်ဦးပဲ လွတ်မြောက်ခဲ့ရတယ်။ ကျန်တဲ့တခြားလူတိုင်းက အသတ်ခံခဲ့ရတယ်။ ဒါတင်မကသေးဘူး။ တစ်ညတည်းမှာပဲ ရွာက ၄နှစ်အရွယ်ကလေးတွေအားလုံး အသတ်ခံခဲ့ရတယ်။ ဧကရာဇ်အပါအဝင် လူတိုင်းက ကလေးသေသွားပြီလို့ ထင်ခဲ့ကြတယ်”

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now