125.2. ဖွင့်ဟဝန်ခံရုံမျှသာ

2.5K 339 25
                                    

တစ်နာရီကြာပြီးနောက် ​ကျောင်းယွိလန်သည် လီချန်း​ရှောင်နှင့်လီ​ဝေ့ရန်တို့ကို အိမ်ရှေ့စံ၏အိမ်​တော်သို့ ခေါ်ဆောင်သွားသော်လည်း ဒုတိယသခင်မသည် သူမ၏သမီးကို မတက်​ရောက်​စေခဲ့ပေ။ ဒုတိယသခင်​လေး၏ အိမ်ထောင်ရေးကို စီမံ​ကြောင်းလမ်းပြီးနောက် ဒုတိယသခင်မသည် ချက်ချင်းဆိုသလိုပင် လီချန်းယွိကို နန်အန်းနယ်စားကြီး၏ဒုတိယသားဖြစ်သူနှင့်လက်ထပ်​ပေးရန်မစောင့်နိုင်တော့ဘူး။ ယခုလည်း သူမသည် စုန့်ယန်ကျွင်းကို မိသားစုအဖြစ်လက်ထပ်ပြီးဝင်လာရန် စောင့်ဆိုင်းနေသောကြောင့် အလွန်အလုပ်များနေသည်။ ထို့ထက်၊ ဤအခါသမယတွင် သူမတို့သည် ပါဝင်ဆင်နွှဲရန် မလိုအပ်တော့ဘူးမလား.... ယခုတော့ ဝမ်းနည်းပူ​ဆွေးခြင်း၃နှစ် သက်တမ်းကုန်ဆုံးသွားသဖြင့် လက်မထပ်ရ​သေး​သော လီ​ဝေ့ရန်နှင့်လီချန်း​​ရှောင်တို့ သခင်မ​လေး၂ဦးအတွက် လီသခင်မကြီးသည် သူမတို့အတွက် သင့်လျော်သော ယောက္ခမ​လောင်းများကို စတင်ရှာဖွေ​ပေးနေပြီဖြစ်သည်။ ပွဲအခမ်းနားဆိုတာ ရှာ​ဖွေဖို့ အခွင့်အရေးကောင်းတစ်ခုပဲ​လေ။

လီ​ဝေ့ရန်သည် ခရမ်း​​ဖျော့ရောင်ချည်ခင်သားကို အစိမ်း​ရောင်ဝါး​ဖောက်ပန်းထိုးခြယ်လှယ်ထားသည့်စကတ်ကို ဝတ်ဆင်ထားသည်မှာ ရိုးရှင်းပြီးပနံရသဖြင့် လှပ​နေကာ လူအများ၏အာရုံစိုက်မှုကို ရရှိ​နေသည်။ အမှန်တကယ်ပင်၊ လွန်ခဲ့သည့် ၃လအတွင်းတွင် လီဝေ့ရန်သည် မြို့တော်တွင် သူမ၏အမည်နာမဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ပြီး လူသိများသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။

လီချန်း​ရှောင်သည် ပန်းရောင်ပိုးသားဝတ်စုံကို ၀တ်ဆင်ထားပြီး တောက်ပ၍ လှပနေသော်လည်း လူတိုင်း၏မျက်လုံးတွင်​တော့ စိတ်မသက်မသာဖြစ်နေပုံ​ပေါ်​နေသည်မှာထင်ရှားသည်။ ​ကျောင်းယွိလန်သည် ဘာမှမဖြစ်ခဲ့သလိုမျိုး သူမတို့နှစ်ယောက်နှင့်အတူ လျှောက်လှမ်းလာသည်။ ဒီအချက်တွင်​တော့ လီဝေ့ရန်သည် ဒီ​မေ​မေ​လေးကို အလွန်လေးစားရသည်။ သူမကို နောက်ဆုံးအကြိမ်တုန်းက လီချန်းလဲ့နဲ့ပေါင်းစည်းခဲ့ပြီး​ချောက်ချတဲ့အဖြစ်အပျက်အပြီးမှာ ​ကျောင်းယွိလန်သည် ​ဝေ့ရန်ကို မြင်လိုက်ရတဲ့အခါ တိုင်းအပြစ်ရှိသလို မခံစားပြပဲ ​ပျော်ရွှင်ပြနိုင်​သေးသည်။ ဒီလို သည်းခံနိုင်ရည်ရှိဖို့က သာမန်လူတွေ လုပ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး​လေ။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now