26.​ဘေးကျပ်နံကျပ်ဖြစ်​အောင်လုပ်

3.7K 545 9
                                    

သခင်မကြီးရဲ့အကြိုက်ဆုံးကြက်တူရွေးက ​ကြောင်စားတာကိုခံလိုက်ရတယ်။

ဒါက အမတ်ချုပ်ကြီးရဲ့အိမ်​တော်ထဲမှာအလျင်အမြန်​ပေါ်​ပေါက်လာ​သော ကိစ္စကြီးတစ်ခုပင်။ ပထမသခင်မသည် ဟယ်ရှင်းယွမ်အ​ဆောင်ဆီကို အမြန်ဦးတည်လာသည်။

သူမ၏အဖိုးတန်ကြောင်ကံ​ကောင်း​လေးကို ပွေ့ချီထားသည့်လီချန်းလဲ့သည် ခြံဝန်းထဲသို့ဝင်ဝင်လာခြင်းလျှင်ပင် ​သခင်မကြီး၏ဒေါသထွက်သံကိုကြားလိုက်ရသည်။

"မင်းဘယ်လိုများ ဒီသားရဲ​ကောင်ကို ဒီ​နေရာဆီ ခေါ်လာဝံ့တာလဲ!"

​ကြောက်လန့်​ငေး​ကြောင်​နေ​သော လီချန်းလဲ့သည်အခြားလူအားလုံးကိုပါ အံ့သြစွာကြည့်လိုက်မိသည်။ သို့သော်လူတိုင်းသည် ရင်တမမ ဖြစ်​နေသည်။ ဘယ်သူကမှစကားတစ်ခွန်းမျှမပြောရဲ​ပေ။

ဒါကိုကြားတော့ ပထမသခင်မက ၂ကြိမ်​လောက်​ချောင်းဟန့်လိုက်သည်။

"​သခင်မကြီး၊ သခင်မကြီးရဲ့ကြက်တူရွေးကို ချန်းလဲ့ရဲ့ကြောင်က စားခဲ့တာမဖြစ်နိုင်ပါဘူး။ ​တောကြောင်ရိုင်းတစ်​ကောင်​ကောင်ကများ..."

"တောရိုင်းကြောင်? ဘယ်​နေရာကများတောရိုင်းကြောင်က ရောက်လာတာလဲ။ ဒါဆိုလည်း မင်းသွားပြီး အဲ့တောကြောင်ကိုဖမ်းပြီးငါ့​ရှေ့ကိုယူလာခဲ့​လေ"

​သခင်မကြီး၏အမူအရာသည် ယခုကဲ့သို့အေးစက်​နေသည်မှာရှားပါးလှသည်။ သူမက ဒေါသထွက်လွန်းလို့စကား​တောင်ကောင်းကောင်းမပြောနိုင်ဘူး။

ပထမသခင်မသည် ဤအချိန်ထိ သခင်မကြီး၏ အမျက်ဒေါသကိုတစ်ခါမှမကြုံဖူးခဲ့သဖြင့် သူမက အခြားဘာကိုမှမပြောဝံ့ပေ။

လီချန်းလဲ့သည် ကြောင်ကိုအမြန်လွှတ်ချလိုက်ပြီး ရှေ့သို့တိုးလာသည်။

"​​သခင်မကြီး၊ ဒီ​​ကြောင်ကံ​ကောင်း​လေးက အစ်ကိုကြီးပေးထားတာဆို​တော့ ရတနာတစ်ခုလိုပါပဲ။ သူက နာခံမှုရှိရုံသာမကကြောက်လန့်တတ်ပါ​သေးတယ်။ ဒီလိုမျိုးလုပ်မှာမဟုတ်တာသေချာ... "

သူမ၏စကားဝါကျမဆုံးနိုင်ခင်မှာဘဲ ​သခင်မကြီးက သူမ၏မျက်နှာကို တံတွေး​ဖြင့်​ထွေးလိုက်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeTempat cerita menjadi hidup. Temukan sekarang