77.2.ညလယ်ခေါင်ကြီး မီးအကြီးအကျယ်​လောင်

3.6K 587 23
                                    

ပထမသခင်မက ခေါင်းတညိတ်ညိတ်ဖြင့် လီ​ဝေ့ရန်ကို တည်ကြည်လေးနက်စွာကြည့်နေသည်။

လီဝေ့ရန်၏နှုတ်ခမ်းများသည် သူမ၏ နှလုံးသားအောက်ခြေမှစ၍ စစ်မှန်သောအပြုံးတစ်ခုနှင့် အေးစက်သွားသလိုပင်။

အထိန်း​တော်လင်းက အ​ရေး​ကြီးလေသံဖြင့်

“အခန်းတွေအားလုံးမီးရှို့ခံရတယ်ဆို​တော့ ဒီညကျွန်မတို့ဘာလုပ်ကြမလဲဟင်”

ဆရာတော်က ခဏအခိုက်အတန့်လောက် တွေး​တောစဥ်းစားပြီး​နောက်

“ဒီနောက်မှာ အ​ဆောင်ခြံဝင်းငယ်တစ်ခုရှိပါ​သေးတယ်။ အဲ့ဒါကသေးနုပ်ပြီးနိမ့်ကျတာ​ကြောင့် သခင်မ​တွေနဲ့သခင်မ​လေး​တွေ အဆင်မ​ပြေဖြစ်မှာ​တော့စိုးရိမ်မိတယ်”

ပထမသခင်မက ခေါင်းကိုခါယမ်းလိုက်ပြီး

“ဘယ်သူမှ​တော့ဒီလိုမဖြစ်စေချင်ကြပါဘူး။  တည်းခိုဖို့​နေရာရှိ​နေတာကပဲ လုံလောက်တာထက်ပိုနေကြောင်းပါ။ မဟုတ်ရင်လူတိုင်းညလယ်ခေါင်ကြီးတောင်ပေါ်က​နေဆင်းနေရပါလိမ့်မယ်။ သို့ပေမယ့် အ​စေခံ​တော်​တော်များများဒဏ်ရာရထားတာ​ကြောင့် ဆရာတော်ကသမား​တော်ကိုမြန်မြန်ဖိတ်ခေါ်ပေးလိမ့်မယ်လို့မျှော်လင့်မိ​ကြောင်းပါ ”

“ဘုရားကျောင်းဆောင်မှာ သမား​တော်ရှိပါတယ်။ ဘုန်း​ကြီးအခု​လေးတင်ပဲသူ့ကိုစကားပါးပြီးပါပြီ။ လီသခင်မ၊ ကျေးဇူးပြုပြီးစိတ်ချလက်ချ​နေပါ” 

ဆရာတော်က သူ၏လက်ကိုလက်အုပ်ချီကာကျန်ရှိနေသောပျက်စီးယိုယွင်း​နေသည့်ခြံဝင်းအားတစ်ချက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်မိသည်။

သို့သော်လည်း စီမံ​နေရာချမှုများပြုလုပ်ပြီးသောအခါအရေးကြီးသည့်ကိစ္စတစ်ခုပေါ်လာသည်။

"ဘာပြောတယ်? အခုလူ၃ယောက်က အခန်းတစ်ခန်းတည်းကိုခွဲသုံးရမှာလား?" ဟု လီချန်းရှီက တုန်လှုပ်စွာဖြင့်​​ပြောသည်။

"ဟုတ်ပါတယ်။ သခင်မနဲ့ ပထမသခင်မ​လေးတို့ကတစ်ခန်း၊ စတုတ္တကိုယ်လုပ်​တော်နဲ့ နဝမကိုယ်လုပ်​တော်တို့ကတစ်ခန်း၊ ပဉ္စမသခင်မလေးရယ်၊ စတုတ္တသခင်မ​လေးရယ်၊ တတိယသခင်မ​ဘေးရယ်ကတစ်ခန်းထဲမှာ အနည်းဆုံးတော့တစ်ညအိပ်ရပါမယ်" 

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now