9.ပန်းပွင့်​တွေနဲ့ခြံရံ

4.3K 514 3
                                    

အထိန်း​​တော်လျိုသည် ထိုဝတ်ရုံကိုဟယ်ရှင်းယွမ်အ​ဆောင်ဆီသို့ပြန်ယူလာပြီး အ​စေခံများအားလုံးကိုနောက်ဆုတ်​စေလိုက်သည်။ ထို့နောက် သူမကမန်ရှီအား

"​သခင်မကြီး၊ ကျွန်မမှာပြောစရာရှိပါတယ်"

မန်ရှီသည် အထိန်း​​တော်လျို၏မျက်နှာပေါ်က လေးနက်သောအမူအရာကိုသတိပြုမိပြီး ခေါင်းညိမ့်ပြလိုက်သည်။

"ဘာများလဲ?"

အထိန်း​တော်လျိုသည် ဖြစ်ပျက်ခဲ့သမျှကို ဂရုတစိုက်ပြန်ပြောပြသည်။

"ဒါတွေက ကျွန်မနဲ့မဆိုင်တဲ့အရာတွေဖြစ်ပေမယ့် တတိယသခင်မ​လေးက တကယ်သနားစရာကောင်းတယ်။ သူမ​လေးက မသိပဲခြုံထည်ကို ရတနာတစ်ခုလိုတွေး​နေခဲ့တာ။ ဘာပဲဖြစ်ဖြစ် သူမ​လေးက ကလေးတစ်ယောက်ဖြစ်နေတုန်းဘဲဆို​တော့ သူမကိုယ်သူမ သူများ​တွေဆီက​နေ ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာကို မသိ​သေးဘူး"

အထိန်း​တော်​လျိုရဲ့စကားကိုနားထောင်ရင်း မန်ရှီကသံသယဖြစ်စွာနဲ့ ခြုံထည်ကိုယူလိုက်သည်။ သူမက လက်နှစ်ဖက်ကိုခြုံထည်​ပေါ် ငြင်ငြင်သာသာပွတ်တိုက်လိုက်ပြီး​နောက် ထူးဆန်းတဲ့ခံစားချက်ကို ရလိုက်တယ်။ ရုတ်တရက်သူမကအောက်ကိုငုံ့ကြည့်လိုက်သည်။

"ဟမ်၊ ဒါကဘာလဲ?"

နူးညံ့နွေးထွေးသော ​မြွေပါသား​မွှေးလွှာ၏ အောက်ဘက်၌ ဖောက်ဝင်ထိုးဆွထား​သော ​နေရာတစ်ခုရှိ​နေသည်။ အနီးကပ်စစ်ဆေးမှုအရ ၎င်းသည်သားမွေးမဟုတ်ပဲအပ်ငယ်များစွာဖြစ်​နေသည်။ အပ်များသည် အလွန်​သေးငယ်လှသဖြင့် တစ်​ယောက်​​ယောက်သာဂရုတစိုက်မကြည့်လျှင် ခြားနားချက်ကိုသတိပြုမိမည်မဟုတ်ပေ။

"ခြုံထည်မှာ ဘာကြောင့်ဒီအရာတွေပါ​နေတာလဲ"

မန်ရှီက မျက်ခုံးပင့်လိုက်မိသည်။

"တတိယသခင်မ​လေးက​ နောက်ဆုံး​တော့မိန်းမငယ်​လေးတစ်ယောက်ပဲ။ သူမကဒါ​တွေကိုသိမှာမဟုတ်ဖူး။ အပ်​တွေကသေးငယ်လွန်း​​တော့အလွယ်တကူမမြင်ရနိုင်ဘူး။ အထူးသဖြင့်သား​မွှေးတွေကကာ​နေ​တော့ ၀တ်ထားတဲ့သူ​တောင် သတိမပြုနိုင်​လောက်ဘူး။ ဒါ​ပေမယ့် လူတစ်​ယောက်က လှုပ်ရှားမှုများပြုလုပ်လိုက်တာနဲ့ အပ်​တွေက အရေပြားထဲကိုထိုးဖောက်​နေမှာ"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now