66.1.ကိုယ့်​သေတွင်းကိုယ်တူး

3.9K 551 29
                                    

လီချန်းလဲ့သည် သူမ၏ခြံဝန်းသို့ပြန်လာပြီး​နောက် တန်ရှင်းအားဤကိစ္စနှင့်ပတ်သက်၍ တိတ်တဆိတ်မေးမြန်းရန် ခိုင်း​စေလိုက်သည်။ တန်ရှင်းပြန်လာသောအခါ လီချန်းလဲ့က မ​စောင့်နိုင်​တော့ပဲ

“သူတို့ဘာပြောကြလဲ” ဟုမေး​​တော့သည်။

တန်ရှင်းက

“ဒီအ​စေခံက သမား​တော်၇ယောက်၊ ၈ယောက်​လောက်ကိုတွေ့ခဲ့ပါတယ်။ သူတို့အားလုံး​​​က အချင်းမှာအကျိုးကျေးဇူးတွေရှိသလို မိန်းက​လေးတစ်ယောက်ရဲ့အလှကိုလည်းအာဟာရဖြည့်ပေးနိုင်တယ်ဆိုပြီး အတည်ပြု​ပေးကြတယ်။ ဒါ့အပြင် နန်းတော်ထဲက မယ်မယ်မိဖုရားတော်တော်များများလည်း ဒါကိုစားသုံးကြပါတယ်တဲ့။ ကြည့်ရတာ​တော့ ပဉ္စမသခင်မ​​လေးပြောခဲ့တဲ့စကားကမှားပုံမရပါဘူး"

လီချန်းလဲ့သည် ဆေးဖက်ဆိုင်ရာစာအုပ်များတွင်ယခင်ကမြင်ဖူးခဲ့​သော်လည်း ​နောက်ဆုံး​တော့ ထိုသို့သွေးထွက်သံယိုအရာများကို သူမကပုံမှန်မဟုတ် ရွံမုန်းဖွယ်ကောင်းတယ်ဟုခံစားခဲ့ရသည်။ ယခု​တော့လီချန်းရှီက ဒါကိုသူမရဲ့အလှအပအတွက် အာဟာရဖြည့်ရန်သုံးစွဲနေသည်ကိုမြင်မိ​တော့ ဒီသွေးဆောင်မှုကို မတွန်းလှန်နိုင်ဖြစ်​နေရသည်။

ထိုညတွင်လီချန်းလဲ့သည် ရွှမ်ယု​ကောအ​ဆောင်ဆီသို့တိတ်တဆိတ်သွားခဲ့သည်။ လီချန်းရှီသည်ဧည့်ခန်း​ဆောင်တစ်ခုတွင်ထိုင်နေသည်။ အ​စေခံတစ်ဦးသည် ဗန်းတစ်ခုကိုဘေးသို့သယ်လာပြီးသူမ၏အနားသို့ချဉ်းကပ်လာသည်။ ဗန်း​ပေါ်တွင်သေးငယ်သောပန်းကန်တစ်လုံးရှိ​နေသည်။ ထုံးစံအတိုင်းပင် လီချန်းရှီကခွက်ရဲ့အဖုံးကိုမကာ ဂရုတစိုက်စား​နေ​တော့သည်။

လီချန်းလဲ့သည် ထူးဆန်းသောရနံ့တစ်ခုကိုခံစားမိသဖြင့် တံခါးဝမှတဆင့်အသာ​လေး လျှောက်လာမိသည်။

ဤစွဲမက်ဖွယ်ကောင်းသောအနံ့သည် လတ်ဆတ်သော သွေး၏အရိပ်အမြွက်ပင်ဖြစ်သည်။ လီချန်းလဲ့သည် သူမ၏နှာခေါင်းကိုအလိုလိုပိတ်လိုက်မိသော်လည်း ချက်ချင်းပင်ဖြည်းဖြည်းချင်း ပြုံးလျက်ဆံပင်ကိုသပ်ကာ

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now