23.​ကြောင်ကံ​ကောင်း​​လေး

3.8K 495 9
                                    

ဝေ့ရန်သည် သူမ၏ခြံဝင်းသို့ပြန်ရောက်သည်နှင့် မိုကျူးသည်အပြုံးနှင့်လာကြိုဆိုသည်။

"တတိယသခင်မ​လေး၊ ​​သခင်မကြီးက မမ​လေးကို သူ့ရဲ့အ​ဆောင်ဆီကိုဖိတ်ထားပါတယ်"

လီဝေ့ရန်က ပြုံးလိုက်သည်။ သူမ၏အကြည့်ကခြံဝင်းထဲရှိသဖန်းပင်နောက်က အရိပ်တစ်ခုဆီသို့ ချက်ချင်းသတိပြုမိသွားသည်။ ပိုင်ကျီကမျက်​မှောင်ကြုတ်မိ​သော်လည်း ဘာစကားမျှမပြော​ပေ။ ထိုကောင်မလေးဟွာ​မေးသည်ခေါင်းမာသောဝိညာဉ်ကဲ့သို့ပင် ​မမ​လေးကို အမြဲစူးစမ်း​နောက်​ယောင်ခံနေခဲ့သည်။ သူမကို ပထမသခင်မက ချီးမြှင့်​​ပေးခဲ့​သော​ကြောင့် သူတို့က သူမအားဖယ်ရှားပစ်လိုက်လျှင် အခြားသူများက သခင်မ​လေးက ပထမသခင်မကိုမကျေမနပ်ဖြစ်သည်ဟုထင်ကြလိမ့်မည်။ သို့သော် သူမအား ဆက်ခွင့်ပြုထားလျှင်လည်း နောက်ဆုံးတွင်အန္တရာယ်ကိုသာ သယ်ဆောင်လာလိမ့်မည်။

လီဝေ့ရန်က မမြင်ဟန်​ဆောင်ကာ ဇီယန်ဘက်သို့ လှည့်လိုက်သည်။

"ပိုင်ကျီနဲ့ မိုကျူးက ငါနဲ့လိုက်လာမယ်။ မင်းကဒီမှာနေခဲ့လိုက်"

မိုကျူးကို ​​သခင်မကြီးကချီးမြှင့်ထားသော ကြောင့် သူမ သွားရသည်မှာ သိသာသော်လည်း ပိုင်ကျီနှင့်ဇီယန်တို့နှစ်ယောက်လုံးသည် ဖိင်ချန် မှာတည်းက မမ​လေးနှင့်အတူရောက်လာခဲ့တာ​လေ။ သို့သော် မကြာသေးမီကပဲ ပိုင်ကျီက ​မမ​လေးနှင့်ပိုနီးကပ်လာခဲ့ရသည်။ ဇီယန်သည် မျက်​မှောင်မကြုတ်ထားမိ​စေရန် ကြိုးစား​နေ​သော်လည်း ချိုးနှိမ်ရန်ခက်​နေသည်။ လီဝေ့ရန်က သူမအားတည်ငြိမ်စွာ စိုက်ကြည့်နေသည်ကိုသတိပြုမိသောအခါမှသာ ရုတ်တရက်သူမသဘောပေါက်သွားသည်။

"မမ​လေး ကျေးဇူးပြုပြီးသွားလှည့်ပါ။ ကျွန်မက ခြံဝင်းကို ​သေ​သေချာချာ ဂရုတစိုက်နဲ့ကြည့်ပါ့မယ်"

သူမ၏အ​စေခံနှစ်ဦးနှင့်အတူ လီ​ဝေ့ရန်သည် ဟယ်ရှင်းယွမ်အ​ဆောင်ဆီသို့ လျှောက်သွားသည်။

သူမက အခု​လေးတင်ရောက်လာ​ပေမယ့် တံခါးတွေ ကျယ်ကျယ်ဖွင့်ထားတာကို သတိထားမိသွားတယ်။ ဂုဏ်သ​ရေရှိအမျိုးသမီးများ၏ ရယ်သံကိုလည်း ကြား​နေရသည်။ လီ​ဝေ့ရန် မျက်​တောင်​ခတ်ပြီး လျင်မြန်စွာဝင်သွားလိုက်သည်။ ခန်းမ​ဆောင်ထဲတွင်သခင်မကြီးအပြင် အခြားသခင်မများနှင့် သခင်မ​လေးများအားလုံးရှိ​နေသည်။ လူတိုင်းကြည့်ရတာ အလွန်​ပျော်မြူး​နေပုံပဲ။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now