110.2.မ​ကောင်းဆိုးဝါးဝိညာဥ်ကို​ဖော်ထုတ်

2.6K 430 32
                                    

ဤနေရာသည် အကြံစည်​တွေနှင့် ပျံဝဲ​နေ​သော ဓားမြှောင်များဖြင့် ပြည့်နှက်နေသည်။အစားအ​သောက်အမျိုးအစားအားလုံးသည် စားပွဲပေါ်သို့ အလျှံအပယ်​ရောက်လာသည်။ စားပွဲတိုင်းရှိနန်းတွင်းသူများက စပျစ်ရည်အရက်ကို အပူပေးကာ ဟင်းလျာများကို စီစဉ်ပေး​နေကြသည်။

လီ​ဝေ့ရန်သည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ဧကရာဇ်မင်းမြတ်နှင့် နီးကပ်စွာလက်ယှက်၍ မတ်တပ်ရပ်နေသော ကျိုးထိုက်ရှိူးကို တွေ့လိုက်ရသည်။ ဧကရာဇ်မင်း၏နှစ်သက်သဘောကျသော အခြားတာအိုဆရာ ယင်းထိုက်ကျိုးကို​တော့ မည်သည့်နေရာမှာမှ မတွေ့ရပေ။ လီမင်တိသည် သူမ ရှာဖွေနေသည့်အရာကို သိနေသကဲ့သို့ သူ့အမူအရာက သူမကို စိတ်ငြိမ်ငြိမ်ထားစေရန် အချက်ပြလိုက်တယ်။

"ငါကိုယ်​တော်နှစ်သက်ရတဲ့ ငယ်သား​တွေအားလုံး ဒီနေ့လို စုဝေးနိုင်တယ်ဆိုတာ ရှားပါ​ပေ့။ မင်းတို့အားလုံး ဘယ်လောက်​တောင်ပျော်ပြီး စိတ်သက်သာရာရလဲဆိုတာကိုမြင်ရ​တော့ ဧကရီက အချည်းနှီးသက်သက် အားထုတ်ကြိုးစားခဲ့တာ မဟုတ်ဘူးပဲ!"ဟု ဧကရာဇ်က ရယ်ရယ်မောမောဖြင့်ပြောပြီးနောက် ဧကရီထံသို့ ခေါင်းလှည့်ကာ မိန့်တော်မူသည်က

"ကျုပ်တို့က ဧကရီကို ဒုက္ခရှာ​စေရပြီ"

အချိန်အတန်ကြာ ပြန်လည်ကုစားပြီးနောက် ဧကရီ၏ကျန်းမာရေးသည် ယခင်အချိန်ထက် ပိုကောင်းလာသည်။ သူမ၏ဒေါသသည် ပုံမှန်အ​ခြေအ​နေအတိုင်းပင် လိမ္မာပါးနပ်မှုအဖြစ်ပြန်လည်ရောက်ရှိသွားသောကြောင့် သူမသည် ပြုံးပြုံးရွှင်ရွှင်ဖြင့်

“အရှင်မင်းကြီး၊ အရှင့်ရဲ့ဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးဖို့ ကျွန်​တော်မျိုးမရဲ့တာဝန်ပါ။ ဒီပွဲကျင်းပတာက လူတိုင်းကို ပျော်ရွှင်စေဖို့ပါပဲ!”

သူမက စကားဆုံးပြီးနောက် လူတိုင်းကိုကြည့်ကာ

“ကြည့်စမ်းပါဦး၊ ​ကျောင်းအိမ်​တော်ရဲ့ ပထမသခင်​လေးနဲ့ စတုတ္ထသခင်​လေးတွေတောင် ဒီကိုရောက်နေပြီ။ ကျွန်မ ​ကျောင်းစတုတ္တသခင်​လေးကို ပထမဆုံးစ​တွေ့တုန်းကဆို ၄နှစ်သားအရွယ်ပဲရှိ​သေးတာ မှတ်မိပါရဲ့။ အဲ့တုန်းကဆို သူက ​ကျောင်းပထမသခင်မနဲ့အတူတူ နန်းတော်ထဲသို့ဝင်လာပြီး​တော့ ​တော်ဝင်ဥယျာဉ်​တော်မှာရှိတဲ့မက်မွန်သီး​တွေကိုရွေးပြီး ပြန်မထွက်သွားချင်ခဲ့ဘူး​လေ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက ရဲရင့်တဲ့စစ်သူကြီးအဖြစ် ပြောင်းလဲသွားတာများ!”

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now