87.2.မနာလိုသဝန်တို

3.7K 539 38
                                    

နှစ်သစ်ကူးပြီးဆုံးချိန်သည် အမဲလိုက်ရာသီဖြစ်သည်။

နှစ်တိုင်းလိုလို ဒီလိုကာလအတွင်းတွင် ဧကရာဇ်မင်းမြတ်သည် တော်ဝင်မင်းမျိုးမင်းနွယ်ဝင်များနှင့် အရပ်ဘက်၊စစ်ဘက်အရာရှိများအား အမဲလိုက်ပွဲတွင်ပါဝင်ခွင့်ပြုရန်အမိန့်ပေးထားသည်။ လီ​ဝေ့ရန်သည် အန်းဖိန်မင်းသမီးဖြစ်လာခဲ့ပြီး လီ​ရှောင်ရန်၏ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် သူမ၏အမည်သည် ဖိတ်ကြားခံရသူများထဲတွင်ပါဝင်လာရသည်။ လီမိသားစုမှ မိန်းမပျို၂ဦးကိုဖိတ်ကြားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၍ဂုဏ်ယူစရာဖြစ်သည်။ ဒီလိုဂုဏ်ပုဒ်မျိုး​ကြောင့် အခြားသူများကို စူးစမ်းချင်စိတ်နှင့်စိတ်အားထက်သန်မှုများဖြစ်စေသည်။သို့သော် လီဝေ့ရန်သည် စိုးရိမ်မကင်းဖြစ်ကာ​မ​ပျော်ရွှင်ဖြစ်​နေပုံရသည်။

လီမင်တိက စူးစမ်းလိုစိတ်ဖြင့် မေးသည်က

"တတိယမမ၊ မမဘာလို့စိတ်မချမ်းသာဖြစ်​နေတာလဲ?"

လီ​ဝေ့ရန်က

"အမဲလိုက်ပွဲက ဘာစိတ်ဝင်စားစရာကောင်းတာများရှိမှာမို့လို့လဲ?" ဟုဆိုသည်။

ဒီပွဲသည် မှူးမတ်တွေ၊ မင်းမျိုးမင်းနွယ်​တွေ အချင်းချင်းသတ်ဖို့ အခွင့်အရေးသာဖြစ်သည်။ အဓိပ္ပါယ်လည်းမရှိသလို အချိန်လည်းကုန်မည့်အပြင် သူမသည်လည်းမလိုလားအပ်တဲ့ အပေါင်းအသင်းတွေဖြစ်သည့် ထော့ပါကျန်းသို့မဟုတ် ဝေ့​ကောင်းသခင်မတို့ကြားတွင်ရှိနေရလိမ့်မည်ဖြစ်သည်။

လီမင်တိက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့်

"အဲဒါက မမရဲ့စိတ်ပျက်စရာတွေကို သက်သာရာရစေမယ့်ထွက်​ပေါက်လို့ တွေးကြည့်လိုက်ပါလား။ မမကမြောက်အရပ်ကို သွားတော့မယ်ဆိုတော့ အဲ့မှာတော်ဝင်မိသားစုက အမဲလိုက်ဖို့နေရာယူထားတဲ့ လွင်ပြင်ကြီးရှိတယ်။ တောရိုင်းမြက်ခင်းတွေလို့လည်းပြောကြတယ်။ တောင်တန်းဒေသတွေနဲ့အဆုံးမရှိကျယ်ပြန့်တဲ့ ရှုခင်းတွေရှိ​နေ​တော့ မြို့တော်နဲ့မတူညီတဲ့လန်းလန်းဆန်းဆန်းအပြောင်းအလဲဖြစ်မှာပါ"

လီ​ဝေ့ရန်ကခေါင်းငြိမ့်ပြပြီး ပန်းခြံဥယျာဥ်​တော်ထဲက ထင်းရှူးဖြူပင်ကိုကြည့်ပြီး

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now