85.2.ကုသိုလ်ကအကုသိုလ်ထက်​ခြေတစ်လှမ်းသာ

3.2K 547 23
                                    

ထိုသူကား အသည်းအသန်​ရောက်လာ​သော လီမင်ဖန်ပင်။ တစ်ချက်ကြည့်လိုက်တော့ မြေပြင်ပေါ်ရှိအသက်ရှုကြပ်နေ​သောပထမသခင်မနှင့်​ ဘေးတွင်ရပ်​နေ​သော စတုတ္တကိုယ်လုပ်​တော်ကိုမြင်လိုက်ရသည်။

"အမေ၊ ဘာဖြစ်တာလဲ!"

စတုတ္တကိုယ်လုပ်​​တော်က

"ပထမသခင်​လေး၊ သခင်မဘာလို့ဒီလိုဖြစ်သွားလဲ ငါတို့အားလုံးလည်းမသိကြပါဘူး။ သူမက ​ဒီလိုကြီး​နေမ​ကောင်းဖြစ်​နေတယ်!"

စကားပြောနေရင်း သူမသည် ပထမသခင်မကိုကူညီတွဲကူရန်သွားလိုက်သည်။

ပထမသခင်မသည် စကားပင်မပြောနိုင်ဘဲ စိမ်းဖျော့ဖျော့မျက်နှာသာဖြစ်​​နေသဖြင့် လီမင်ဖန်ကသိပ်စဥ်းစားမ​နေ​တော့ဘဲစတုတ္တကိုယ်လုပ်​တော်ကို ဒေါသတကြီးဖြင့်ကန်လိုက်ကာ

"ကျုပ်အမေ့ကို မထိနဲ့။ ထွက်သွားစမ်း!"

အကန်ခံရပြီးနောက် စတုတ္တကိုယ်လုပ်​တော်၏ တစ်ကိုယ်လုံးသည် မြေပြင်ပေါ်တွင်လဲကျသွားပြီး သူမ၏နဖူးမှချွေးအေးများစီးကျလာသဖြင့် မျက်နှာသည် ဖြူဖျော့သွားရသည်။ လီချန်း​​ရှောင်က သူမကိုကူညီတွဲပေးရင်း ပြင်းထန်တဲ့ဒဏ်ရာကိုမြင်တော့ သိပ်အများကြီးမတွေးဘဲ လီ​ရှောင်ရန်ဆီကိုလှည့်ကြည့်လိုက်ကာ

"ဖေဖေ၊ အ​မေက ကိုယ်လုပ်တော်တစ်​ယောက်ပါပဲ။ ဒါပေမယ့် သူက ​ဖေ​ဖေ့ရဲ့ကိုယ်လုပ်​တော်​လေ။ အစ်ကိုကြီးက အငယ်တစ်​ယောက်ဖြစ်​နေတာ​တောင် သူကဘယ်လိုလုပ် ​အ​​မေ့ကိုဒဏ်ရာရ​အောင်လုပ်နိုင်ရတာလဲ?!"

ဒီတစ်ချက်က စတုတ္တကိုယ်လုပ်​တော်ကို မထိခိုက်​စေဘဲ လီ​ရှောင်ရန်ရဲ့မျက်နှာကို ဖြတ်ကန်လိုက်သလိုပင်။ လီ​ဝေ့ရန်သည် စတုတ္တကိုယ်လုပ်​တော်၏နှုတ်ခမ်းထောင့်မှ ထူးဆန်းသောအပြုံးတစ်ခုကို​တွေ့လိုက်ရခြင်းဖြင့် သိသာထင်ရှားသည်မှာ သူမသည်လီမင်ဖန်အားပြဿနာပိုဖြစ်​​စေလိုရန်တမင်ရည်ရွယ်၍ ​​ဒေါသထွက်​စေသည်ဟူ​သောအချက်ပင်။

​သေချာ​ပေါက်ကိုပင် လီ​ရှောင်ရန်က သူ့သွေးကြောတွေတုန်လာတဲ့အထိ ဒေါသဖြစ်နေပြီဖြစ်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now