115.1.အရှက်ကွဲမှုကိုရှောင်ရှားရန် ငြင်းဆန်ခြင်း

2.8K 399 20
                                    

လီ​ဝေ့ရန်သည် တွန့်ခနဲဖြစ်သွားပြီး လီ​ရှောင်ရန်ကိုကြည့်ဖို့ သူမ၏မျက်ဝန်း​တွေကိုမော့လာတယ်။ လီ​ရှောင်ရန်သည် ​ကွေ့ဝိုက်သွယ်ဝိုက်စွာ ​ပြောရန်ကြိုးပမ်းမည်ဟု သူမက ထင်ခဲ့သော်လည်း သူက မထင်မှတ်ဘဲပွင့်လင်း​နေသည်။ စတုတ္တကိုယ်လုပ်​တော်အပေါ် သူမ၏သဘောထားက သူ့ကို စိတ်မသက်မသာဖြစ်စေသည့် အရိပ်အယောင်တစ်ခုများလား?

အရိပ်များသည် လီ​ရှောင်ရန်၏မျက်နှာ​ပေါ်တွင် စီတန်း​နေသည်မှာ သိသာစွာပင် သူသည်စိတ်အ​ခြေအ​နေကောင်းမ​​နေ​ပေ။ လီချန်းရှီသည် ရူးသွပ်သွားခဲ့ရပြီး လီချန်းလဲ့သည် လူအများရှေ့မှာ အရှက်ကွဲခဲ့ရကာ လီချန်း​ရှောင်သည် အသုံးမဝင်သောနယ်ရုပ်ဖြစ်​နေသည်။ သူ့ဘေးမှာ ကျန်ရစ်သည့်တစ်ဦးတည်းသောသမီးမှာ လီ​ဝေ့ရန်ဖြစ်သဖြင့် ​ကျောင်းအိမ်​တော်မှရုတ်တရက်လက်ထပ်ရန်အဆိုပြုချက်လာ​တော့၊ တကယ်ကိုပင် သူသည် နက်ရှိုင်းစွာဆန္ဒမရှိ​ချေ။

"မင်းတို့ရဲ့ မိခင်ကွယ်လွန်ပြီးကတည်းက ကျုပ်တို့အိမ်​တော်နှစ်အိမ်ကြားက ဆက်ဆံရေးတွေ တကွဲတပြားဖြစ်နေကြပေမယ့် ကျုပ်တို့က မိသားစု​တွေဖြစ်နေတုန်းပဲ။ ဆက်ဆံရေးကိုပြုပြင်နိုင်မယ်ဆိုရင်​တော့ အကောင်းဆုံးဖြစ်လာလိမ့်မယ်။ မင်းလည်း ​ကျောင်းနန်ကို အရင်က မြင်ဖူးသားပဲ။ သူက ငယ်ရွယ်တယ်။ ကျန်းမာဖျတ်လတ်တယ်။ ထက်မြက်ပြီး​​တော့ပြတ်သားတယ်။ အရှင်မင်းကြီးက သူ့ကို သူ့ရဲ့စစ်တပ်ရာထူးအရှိန်အဝါတွေ ဖယ်ထုတ်ခဲ့ပေမယ့် ​ကျောင်းမျိုးနွယ်တွေကတော့ ...."

လီ​ဝေ့ရန်က သူ့ကို အေးစက်စွာကြည့်နေပြီး ပထမအကြိမ် စကားဝင်ဖြတ်လိုက်သည်။

"ဖေဖေ၊ ဒါက ဘာအဓိပ္ပာယ်များလဲ!"

အဲဒီအခိုက်အတန့်မှာ သူမသည် သူ့အတွက် ဒီ​လောက်တစ်ခါမှမမုန်းတီးဖူးသည့်အမုန်းမျိုးကို သူမ မခံစားခဲ့ရဖူးဘူး။

အရင်တုန်းကတော့ သူမ ကျေးလက်​တောရွာမှာရှိတုန်းက သူသည် သူမအ​ကြောင်းကို ဘယ်တုန်းကမှ မမေးမြန်းစုံစမ်းခဲ့ဖူးဘူး။ အဲဒီအတွက်လည်း သူမက သူ့ကို စိတ်မနာကျည်းခဲ့ပါဘူး။ နှစ်အတော်ကြာအောင် သူသည် အ​ချောအလှဇနီးသည်နှင့် ကိုယ်လုပ်​တော်များစွာဖြင့် ဝန်းရံခံထားရ​သော မျိုး​ကောင်း​ဆွေ​ကောင်းဖြစ်​နေသဖြင့် သူ့အတွက်ကျိန်စာဟုဆိုရမည့် သမီးတစ်ဦးကိုသတိမရသည်မှာ သ​ဘာဝကျသည်။ လီ​ဝေ့ရန်ကလည်း သူ့အပေါ် ခံစားချက်မရှိဘူး။ ထို့ကြောင့် သူမဘဝတွင် အရေးမကြီးသောသူတစ်ယောက်အတွက် သူမကစိတ်မကောင်းဖြစ်မိ​နေမှာမဟုတ်ဘူး။ သူမ ပြန်​ရောက်လာကတည်းက သူသည် သူမအတွက် ကောင်းသည်လည်းမဟုတ်၊ ဆိုးသည်လည်းမဟုတ်၊ တခါတရံ သူသည် သူမအပေါ် တရားမမျှတသော်လည်း သူမကို ရှောင်ဖယ်ခြင်း အကွက်ဆင်ခြင်းမကြံစည်ခဲ့ပေ။ လီဝေ့ရန်အတွက်ဆိုလျှင်​တော့ ဒါကပင် သဟဇာတဖြစ်စွာနေထိုင်နေနိုင်ပြီဟု ယူဆခဲ့သည်။ အဖေနှင့်သမီးကြားတွင် အနည်းဆုံး အပြန်အလှန်ချစ်ခင်မှု ရှိနေ​သေးတယ်ဟု သူမခံစားမိခဲ့ရသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now