113.2.​အောင်နိုင်ရန်​ခြေတစ်လှမ်းအလို

2.9K 409 18
                                    

လီဝေ့ရန်က ခေါင်းညိတ်ပြလိုက်သည်။  သူမ၏နှလုံးသားထဲရှိ နွေးထွေးမှုက လေးလံသောတိမ်တိုက်များကို တွန်းထုတ်လိုက်သလိုပင်၊ လင်းလက်နေသော နေရောင်ခြည်သည်​​တောက်ပလာရပြီး အရာအားလုံးက တစ်မဟုတ်ချင်းပိုလင်းလက်သွားပုံရသည်။  သူမက မပြုံးနိုင်ဘဲ မနေနိုင်မိ​ချေ။ လီမင်တိက သူမ ပြုံးနေတာကိုမြင်ပြီး သူ့နှလုံးသား ကပျော့ပျောင်းသွားရသည်။ သူ တစ်ခါက မြည်းစမ်းဖူးတဲ့ ပန်းရနံ့ ဝိုင်အရက်ကို ရုတ်တရက် သတိရသွားပြီး မွှေးရနံ့၏ ပြင်းထန်မှုက သူ့နှလုံးသားကိုလွှမ်းမိုးပြီး ခြေလက်တွေထိ​တောင် ပြည့်နှက်​ရောက်သွားသလိုပင်။

သူတို့ပြန်​ရောက်လာတာနဲ့ လီ​ဝေ့ရန်က သခင်မကြီးကို အရင်သွားတွေ့တယ်။ အဘွားဖြစ်သူကအိပ်မပျော်သေးဘဲ ပွဲ၌ဖြစ်ပျက်ခဲ့သမျှကို ​ဝေ့ရန်က ပြန်ပြောပြမှာကို စောင့်နေမည်ဆိုတာ ​ဝေ့ရန်သိတာ​ပေါ့။ ဒါကအမှန်ပင်။ သခင်မကြီးသည် တာအိုရ​သေ့အိုကြီးက လျှပ်စီးလက်ထိမှန်၍ ပြာကျသွားကြောင်း ကြားသိရသောအခါတွင် သူမသည် ဗုဒ္ဓဆုတောင်းစကားကို ရွတ်ဆိုမိ​​တော့သည်။ ဝူမိဖုရားကြီးကို သေဒဏ်ချမှတ်သည့်အပိုင်းကို ကြားလိုက်ရသောအခါတွင် သူမက ခေါင်းကိုသာ ခါယမ်းလိုက်ပြန်သည်။ ည​နေပွဲအခမ်းအနားကြီးမှာ လုပ်ကြံသတ်ဖြတ်သူတွေရှိနေကြောင်း သူမကြားတာနဲ့ လီဝေ့ရန်ကို အနီးကပ်ဆွဲ​ခေါ်လိုက်ပြီး ခဏလောက် အထက်​က​နေအောက်ကို ငုံ့ကြည့်စစ်​ဆေးကြည့်လိုက်တယ်။ ​ဝေ့ရန် မထိခိုက်ကြောင်း တွေ့ရှိပြီးနောက်မှသာ သူမက စိတ်ချလက်ချဖြစ်ရတော့သည်။ လီ​ဝေ့ရန်သည် သခင်မကြီး၏ မျက်နှာနှင့်မျက်လုံးများသည် နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများပြည့်နှက်နေ​ကြောင်း မြင်ရသဖြင့် အနည်းငယ် စိတ်မသက်မသာခံစားလိုက်ရသည်။ သခင်မကြီးအားနေကောင်းကျန်းမာပါစေရန် ဆုမွန်ကောင်းတောင်းရင်း စကားအနည်းငယ်ပြောပြီး​​နောက် ​ဝေ့ရန်ကထွက်သွား​တော့တယ်။

အပြင်ဘက်တွင် ရပ်တန့်သွားသော မိုးသည်းထန်စွာရွာသွန်းမှုကို ကြည့်လိုက်ရင်း လီ​ဝေ့ရန်က တွေးတောဆင်ခြင်​နေမိသည်။ နောက်ဆုံး​တော့လည်း လူ့နှလုံးသားဆိုတာက အသွေးအသားနှင့် တည်ရှိနေဆဲပဲကိုး။ သခင်မကြီးသည် သူမကို အနည်းငယ်အသုံးချခဲ့သော်လည်း သူမကိုယ်တိုင်ပင် သတိမထားမိသည့် စိုးရိမ်ပူပန်နေမှုကအမြဲရှိ​နေခဲ့တာပဲ။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now