136.2.အိမ်​ထောင်ဖက်

2.2K 313 21
                                    

ထော့ပါကျန်း၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားရသည်။ စက္ကန့်ပိုင်းလောက် သူ့မျက်လုံးတွေက အ​ခြေအ​နေမ​ကောင်းသယောင်ပေါ်လာခဲ့ပေမယ့် လီယွမ်ဟန့်က သတိ​တောင်မထားမိလိုက်တာက​တော့ နှ​မြောစရာပင်။ ထော့ပါကျန်းက သူ့စိတ်ထဲက ဒေါသတွေကိုမျိုသိပ်ပြီး ​ပြောလိုက်သည်မှာ

"အဲဒါ လီ​ဝေ့ရန် မဟုတ်ဘူးလား? သူမရဲ့ အသွင်အပြင်က အကောင်းဆုံးမဟုတ်သလို အရည်အချင်းအရလည်း သာမန်အဆင့်ပါပဲ။ အဆင့်အတန်းအရတော့ မင်းသမီးဆိုတဲ့ ခေါင်းစဉ်တပ်ထားပေမယ့်လည်း နာမည်သက်သက်ပဲရှိတာပါ။ စတုတ္ထမင်းသားက​တော့ ​သေချာမသိ​လောက်​ပေမယ့် သူမရဲ့မိခင်က အမတ်ချုပ်ကြီးလီကို ခစားရတဲ့ ခြေ​ဆေးအ​စေခံတစ်ယောက်ပဲ။ ဒါကို လူတိုင်းလည်းသိတယ်။ မို​ဖေ့ရဲ့ မင်းသားတစ်ပါးအနေနဲ့ ဒီလိုမိန်းမမျိုးနဲ့ လက်ထပ်လိုက်လို့ လှောင်ပြောင်သ​ရော်ခံရမှာကို မစိုးရိမ်ဘူးလား? တကယ်ဆို မင်းသားက ကျုပ်ရဲ့ နှမ​တော်လို တော်ဝင်သွေးစစ်မှန်တဲ့အမျိုးသမီးပျိုမျိုးကို ရွေးသင့်တာ​ပေါ့!”

"ဒါက မမှန်ကန်​နေဘူး"

လီယွမ်ဟန့်သည် တစ်ဖက်လူ၏စကားတွင် မကျေမနပ်ဖြစ်နေမှုကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ လီယွမ်ဟန့်၏အမူအရာက​တော့ ပြောင်းလဲခြင်းမရှိပေ။ သူက ပြုံးနေသေးပေမယ့် ရုတ်တရက် သူ့ပါးစပ်ကပြောထွက်လာသည်မှာ

"ကျုပ် ပြောရဲတယ်။ သူမမှာသာ အရည်အချင်းမရှိရင် ခင်ဗျားတို့ဧကရာဇ်မင်းက မင်းသမီးဘွဲ့ကို ဘယ်လိုလုပ် အပ်နှင်းပါ့မလဲ? ကျုပ် မင်းသားကို ဖုံးကွယ်မ​နေ​တော့ပါဘူး​လေ။ ကျုပ်က ချစ်စရာ​ကောင်းပြီး နူးညံ့သိမ်မွေ့တဲ့ တာ့လီမင်းသမီးတွေကို မနှစ်သက်ဘူး။ ပြီး​တော့ ဂုဏ်ကျက်သရေရှိတဲ့ အိမ်​တော်​တွေက အမြဲကဗျာရွတ်​ဖတ်ပြ​နေပြီး သီချင်း​သီဖွဲ့နေတဲ့သမီး​မိန်းက​လေးတွေကိုလည်း မနှစ်သက်ဘူး။ ထက်မြက်ပြီး လိမ္မာပါးနပ်တဲ့မိန်းမတွေကိုပဲ နှစ်ခြိုက်တယ်။ မင်းသားလည်း ကျုပ်ကို ဘာမှဖုံးကွယ်ထားစရာ မလိုပါဘူး။ သူမနဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျုပ်ကြားပြီးသွားပြီ။ ပြီး​တော့ ကျုပ် သူမကို လိုချင်တယ်!"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now