126.2.ရူးသွပ်​လောက်တဲ့သတ်ဖြတ်မှု

2.3K 340 27
                                    

လီဝေ့ရန်သည် တခဏတာအံ့အားသင့်သွားပြီး ဤမိသားစုဟုခေါ်သည့်စကားက ဘယ်ကဘယ်လို​ရောက်လာသည်ကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်ဖြစ်ရသည်။

အိမ်​ရှေ့စံကပြုံးပြီး "မင်းရဲ့ဝမ်းကွဲ(​ကျောင်းလန်)က ကျုပ်ရဲ့ ဒုတိယကိုယ်လုပ်တော်ဆို​တော့ မင်းကို ကျုပ်ခယ်မအဖြစ် သတ်မှတ်လို့ရတယ် မဟုတ်လား?"

ဪ၊ ဒါဆို သူက ​ကျောင်းလန်ကို ရည်ညွှန်း​နေတာပဲ။ လီဝေ့ရန်၏မျက်နှာပေါ်ရှိအမူအရာမှာ အပြုံးတစ်ခုလိုဖြစ်နေသော်လည်းပြုံးတယ်ဟုမဆိုနိုင်ပေ။

အိမ်​ရှေ့စံသည် အနီးသို့ကပ်လာသဖြင့် ၂ယောက်သား နီးကပ်သွား​သော​ကြောင့် လီဝေ့ရန်က နောက်ပြန်ဆုတ်လိုက်သည်။ အိမ်​ရှေ့စံက မရယ်မမောဘဲမ​နေနိုင်ဘဲ

"မင်းက ကျုပ်ကို ဘာကြောက်​​နေတာများလဲ?"

လီ​ဝေ့ရန်က ပေါ့ပေါ့ပါးပါးနဲ့ "ဒီငယ်သားက စည်းမ​ကျော်ဝံ့ပါဘူး"

​ကျောက်ယွဲ့က မျက်ခုံးတစ်ဖက်ကို ရှုံ့လိုက်တယ်။ သူမရှေ့ကလူရဲ့ ဂုဏ်အဆင့်အတန်းကြောင့်သာမဟုတ်ရင် စောစောစီးစီး သူ့ကို သူမ၏ဓားနဲ့ခုတ်သတ်ပစ်မိလိမ့်မယ်။

"အပေါ်ယံမှာ​တော့....မင်းက တကယ်ကြီး ကျင့်ဝတ်တွေ လိုက်နာ​သားပဲ"

အိမ်​ရှေ့စံက တခစ်ခစ်ရယ်တယ်။ 

"အဲ့ဒီ​နေ့က ​ကျောင်းစံအိမ်​တော်မှာ ဘာလို့ ဒီလောက် ရက်စက်ကြမ်းကြုတ်ရတာလဲ?"

အိမ်ရှေ့စံက သူမကို အပြစ်ရှာဖို့ ဒီကိုရောက်နေမှန်း လီ​ဝေ့ရန်သိတာ​ပေါ့။ သူမက အသာပြုံးလိုက်ပြီး သူမ၏ မျက်နှာက တုန်လှုပ်ချောက်ချားမှု အရိပ်​ယောင်ပြ​မ​နေဘူး။ 

”ချီးမွှမ်း​ထောပနာမှုအတွက် အရှင့်သားကိုကျေးဇူးတင်ရှိပါတယ်။ တို့မိခင်ဘက်ကအဘွားကိုသတ်တဲ့လူသတ်သမားကို ဖမ်းဆီး​ပေးဖို့က တို့တာဝန်ပါ"

"သြော် ဒါဆို လူသတ်သမားကိုဖမ်းဖို့က မင်းရဲ့တာဝန်ဖြစ်သွားတာ​လား! မင်းရဲ့အစ်မကြီးကို အသေသတ်ပစ်ပြီး မင်းရဲ့ပဏာမမိခင်ကို အနိုင်ကျင့်ဖို့ကလည်း မင်းတာဝန်ပဲလား?" 

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now