89.ရန်သူထက်သာလွန်​နေ

3.8K 527 36
                                    

​ကျောက်ယွဲ့မှာ တုံ့ဆိုင်းနေမိသည်။ သူမ၏ တာဝန်မှာ လီ​ဝေ့ရန်ကိုကာကွယ်ရန်ဖြစ်သော်လည်း ဝေ့ရန်၏အမိန့်​ကိုသာ သူမကနာခံရမည်ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် သူမကနဝမမင်းသမီး​လေးအား​ပွေ့ဖမ်းလိုက်သည်။

နန်းတွင်းသူ​လေးများသည် မင်းသမီး​လေး၏ ပတ်ပတ်လည်တွင် အစုလိုက်အပြုံလိုက် အော်ဟစ်ပြေးလွှားနေကြသည်။ သို့သော် လီ​ဝေ့ရန်၏မြင်းသည် မြင်းရိုင်းတစ်​ကောင်လို ဆက်လက်ပြေးနေကာ ​ကျောက်ယွဲ့ကအမှီလိုက်ဖမ်းရန် အတတ်နိုင်ဆုံးကြိုးစားသော်လည်း ထိုသားရဲ​ကောင်သည် အာရုံများအားလုံးကိုထိန်းချုပ်နိုင်စွမ်းမရှိတော့သောကြောင့် အရှိန်ပြင်းပြင်းဖြင့်နှင်​နေသည်။ ကြံရာမရ​သောအခိုက်အတန့်တွင် လီ​ဝေ့ရန်သည် သူမ၏အင်္ကျီဝတ်ရုံ​အောက်မှ ဓားမြှောင်တစ်ချောင်းကိုဆွဲထုတ်ပြီး မြင်း၏ခေါင်းထဲသို့ထိုးလိုက်​လေရာ အရှိန်သည်နှေးကွေးသွားကာ သူ၏ခြေထောက်လေးချောင်းပေါ်တွင်လဲပြိုကျရင်း လီ​ဝေ့ရန်အားပြုတ်ကျသွား​စေသည်။ ​ကျောင်းယွဲ့သည် အသက်ပြင်းပြင်းရှူကာအပြေးသွားသော်လည်း လီ​​ဝေ့ရန်မြေပြင်​ပေါ်ကိုမကျခင်မှာ မ​ပွေ့ဖမ်းလိုက်နိုင်​ပေ။

သူမ၏သခင်မ​လေးသာသေသွားခဲ့ရင် သူမလည်းအသက်ရှင်မှာမဟုတ်သဖြင့် ​ကျောက်ယွဲ့ ရဲ့နှလုံးသားက ခဏတာရပ်သွားသည်။

နဝမမင်းသမီး​လေးက မတ်တပ်ထရပ်ပြီး သူမရှေ့မှထိုမြင်ကွင်းကိုတွေ့လိုက်ရသဖြင့် လန့်အော်ကာအခြားလူများကို တွန်းထုတ်လိုက်ပြီး လီ​ဝေ့ရန်ဆီသို့​ပြေးသွား​တော့သည်။ နန်းတွင်းသူ​လေးများသည်ထိုထူးဆန်းသောအခြေအနေကိုကြည့်​နေမိပြီး မင်းသမီး​လေး၏အနောက်သို့လိုက်သွားရန်သာတတ်နိုင်​တော့သည်။ ထိုအခိုက်အတန့်တွင် ​ထော့ပါယုအားသွား​ခေါ်​သောနန်းတွင်းသူ​လေးသည်​​ ထော့ပါယုနှင့်အတူ​ရောက်ရှိပြန်လာပြီး ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့် ​ထော့ပါယုသည် ဝေ့ရန်၏အနားသို့​ရောက်​အောင်တုံ့ဆိုင်းမ​နေ​တော့ဘဲ သူတတ်နိုင်သမျှအမြန်ပြေးလာ​​လေရာ သူမ၏အနား​ရောက်မှသာရပ်တန့်လိုက်​တော့သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeOù les histoires vivent. Découvrez maintenant